ဒဂုံ (၁) ကျောင်းရှေ့ကကပ်စေးနှဲဆိုင်လေးဖြစ်ပါတယ်။

ကပ်စေးနှဲကိုမှ ရိုးရိုးအရသာအပြင် နို့၊ စတော်ဘယ်ရီ၊ အုန်းသီး ဆိုတဲ့အရသာတွေကိုလည်းရနိုင်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပြီးကပ်စေးနှဲ စားချင်သူတွေတကူးတက လာရှာစားကြတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ ဒဂုံ (၁) ကျောင်းရှေ့က ကပ်စေးနှဲဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။



တကူးတက လာရှာစားကြတဲ့ ဆိုင်လေး

ဒဂုံ (၁) ကျောင်းရှေ့ကကပ်စေးနှဲဆိုင်လေးကိုတော့ ကျောင်းသူ၊ကျောင်းသားတွေက အသည်းစွဲအောင်ကြိုက်ကြပါတယ်။ကျောင်းတက်ကတည်းကနေ အသက်‌ေတွကြီးလာတဲ့တိုင်‌ေအာင် တကူးတက ရှာပြီးရအောင်လာ၀ယ်စားကြတဲ့သူတွေလည်းရှိပါတယ်။

“ကပ်စေးနဲက အရမ်းစားလို့ကောင်းတာပဲ။သားတို့ကျောင်းပိတ်သွားတာတောင်မှ လွမ်းတယ်တဲ့။တချို့တွေဆိုကျောင်းပိတ်သွားတာတောင်မှရအောင်လာ၀ယ်တယ်။”လို့ ဆိုင်ရှင်က ကျောင်းသားကျောင်းသူလေးတွေရဲ့အားပေးကြတဲ့စကားတွေကိုခုလိုပဲပြောပြပါတယ်။

ကပ်စေးနှဲဆိုင်လေးရဲ့အစ

မိခင်ဖြစ်သူရဲ့ ပညာအမွေဖြစ်တဲ့ ဒီကပ်စေးနှဲလုပ်တဲ့ပညာကို လက်ဆင့်ကမ်းသင်ပေးခဲ့တာဖြစ်လို့ အရမ်းမြတ်နိုးတယ်လို့လည်း ဆိုင်ရှင်က ဆိုပါတယ်။ 

ကပ်စေးနှဲရောင်းတဲ့အလုပ်နဲ့ပဲ အသက် ၁၃ နှစ်တည်းက မိသားစုစားဝတ်နေရေးအတွက်လုပ်ကိုင်လာခဲ့တာလို့သိရပါတယ်။

“‌ဒီဈေးဗန်းက ကျွန်မစ‌ေရာင်းတဲ့တစ်သက်ပဲ။ဒေါက်တွေဘာတွေကျိုးလို့အသစ်ပြင်ထားတာ။ဒီဈေးဗန်းကိုမပစ်နိုင်ဘူး။ဒီဈေးဗန်းကိုမြင်ရင်အမေ့ကိုမြင်ရသလိုပဲ။ဒီဈေးဗန်းလေးကိုမပစ်ရက်ဘူး”လို့ဆိုင်ရှင်ကပြောပါတယ်။

ရရှိနိုင်တဲ့menu တွေက

ကပ်စေးနှဲကို အုန်းသီး၊ နို့၊ စတော်ဘယ်ရီဆိုတဲ့ အရသာတွေနဲ့ ရနိုင်ပြီး နို့ဝေဖာ၊ အုန်းသီးခေါက်မုန့်၊ ကြက်ဥခေါက်မုန့်တို့လည်း ရပါတယ်။ ကပ်စေးနဲတစ်ခုကို (၅၀၀)နဲ့ရောင်းပြီး နို့ဝေဖာ ၊ ခေါက်မုန့်၊အုန်းသီးခေါက်မုန့် တို့ကတော့ (၁၀၀၀) ကျပ်နဲ့ရောင်းချနေတာဖြစ်ပါတယ်။

လိပ်စာ

တစ်ပတ်မှာ ကျောင်းဖွင့်ရက် (၅) ရက်ကိုဒဂုံ (၁) ကျောင်းရှေ့မှာဖွင့်ပြီး၊ ပိတ်ရက်တွေမှာတော့ (၉၁) လမ်း လမ်းတိုမှာ ဖွင့်ပါတယ်။ရှာရှားပါးပါးရောင်းချပေးတတ်ကြတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်လို့ ကပ်စေးနှဲ စားချင်‌သူတွေကိုလမ်းညွှန် လိုက်ပါတယ်ရှင်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က