ဖခင်ဖြစ်တဲ့ ဦးအောင်ရင်ကလည်း ချီးကျူးခဲ့ပါတယ်။

မိုးအောင်ရင်ဟာ နိုင်ငံခြားက အနုပညာရှင်တွေနဲ့ ရုပ်ရှင်ရိုက်ဖို့ရှိတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အမိုက်စားဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Moe Aung Yin



သရုပ်ဆောင်မိုးအောင်ရင်ဟာ သူ့ရဲ့ ပုံမှန်ခန္ဓာကိုယ်ကနေ ကြွက်သား အဖုအထစ်တွေနဲ့ အမိုက်စား ခန္ဓာကိုယ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပြီလို့ ဝမ်းသာ အားရနဲ့ပြောပြလာပါတယ်။ 

" ပြောင်းလဲမှုအတွက် ကျေးဇူးတင်ပါတယ် အစ်ကို။ training 52 ရက်မတိုင်ခင်နှင့် ပြီးနောက်..." ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ ကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဖခင်ဖြစ်တဲ့ အဆိုတော် အောင်ရင်ကလည်း Comment ကနေတဆင့် သားဖြစ်သူရဲ့ ကြိုးစားမှု ရလဒ်တွေကို ဂုဏ်ယူနေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

Photo: Moe Aung Yin

မိုးအောင်ရင်ဟာ နိုင်ငံခြားက အနုပညာရှင်တွေနဲ့ အတူတွဲ အလုပ်လုပ်ရမှာဖြစ်တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို အခုလို ဖြစ်အောင် ကြိုးစားနေတာဖြစ်တယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

“ဒီဇာတ်ကားကို အခုက ၁၀ လပိုင်းလောက်မှ စရိုက်မှာ။ Pre Production လုပ်တဲ့ အချိန်လေးလည်း နည်းနည်းလေး လိုသွားတယ်။ ဒီဇာတ်ကားမှာက ဟောလိဝုဒ်က Fast & Furious ဇာတ်ကားတွေ၊ ကမ္ဘာပျက်တဲ့ ဇာတ်ကား တွေ လုပ်တဲ့ DOP တွေ graphic designer တွေကိုပါ ခေါ်သုံးထားတာဆိုတော့ သူတို့ အားတဲ့အချိန်နဲ့ ညှိပြီးတော့ လုပ်ရမှာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Moe Aung Yin

ဇာတ်ကားနာမည်ကိုတော့ မိုးအောင်ရင်က ပြောပြထားခြင်းမရှိသေးပါဘူး။ ဒီဇာတ်ကားမှာတော့ သူဟာ ကိုရီးယားမင်းသားနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပေမယ့် အဓိက ဇာတ်ဆောင်တစ်ဦးအနေနဲ့ ပါဝင်ရမှာ မဟုတ်ဘူးလို့ မိုးအောင်ရင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုထားဖူးပါတယ်။ အခုလို ပြည်ပအနုပညာရှင်တွေနဲ့ လက်တွဲအလုပ်လုပ်ဖြစ်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က