ပြီးခဲ့တဲ့ရာသီက ကွင်းအတွင်းပရိသတ်တွေ ဝင်ရောက်ခဲ့ပြီး ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အတွက်တော့ ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်ရမယ့် အနေအထားမှာ ရှိလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ကစားရမယ့် လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာ အသင်းကို ဆန္ဒပြမှုတွေပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီက ကွင်းအတွင်းပရိသတ်တွေ ဝင်ရောက်ခဲ့ပြီး ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အတွက်တော့ ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်ရမယ့် အနေအထားမှာ ရှိလာခဲ့ပါတယ်။
ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့အကြီးအကဲတွေကို လိုအပ်တဲ့လုံခြုံရေးစီမံမှုတွေ လုပ်ပေးဖို့အတွက် ယူနိုက်တက်ဘက်က အကြံပြုထားတယ်လို့လည်း သိရပါတယ်။ ဥရောပစူပါလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူခဲ့တဲ့ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ဦးတည်ကာ ပရိသတ်တွေက ဆန္ဒထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ ဂလေဇာမိသားစုထက် လက်စတာကို ၄-၂ နဲ့ အရေးနိမ့်ပြီးနောက် အသင်းရလဒ်အပေါ် မကျေနပ်တာကြောင် ့ဆန္ဒပြဖွယ်ရှိတာလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ၄ ပွဲသာအနိုင်ရရှိထားကာ သရေနှစ်ပွဲ၊ ရှုံးပွဲနှစ်ပွဲ ရင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ကစာသမားတွေခြေစွမ်းမပြသနိုင်မှု၊ နည်းပြဆိုးလ်ရှားရဲ့ အသင်းကိုဟန်ချက်ညီအောင်မလုပ်နိုင်မှုတွေအပေါ်ပရိသတ်တွေက ဒေါသအကြီးအကျယ်ထွက်နေပြီလို့လည်း သိရပါတယ်။