ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်ရဲ့ ကွင်းလယ်လူ ရှယ်လ်ဗီတစ်ယောက် အသင်းဖော် လင်ဂတ်၊ ခရစ္စဝုဒ်တို့နဲ့အတူ ညဘက် Night Out ထွက်ပြီးနောက် အိမ်ပြန်ရောက်ချိန်မှာ Dating App ကတစ်ဆင့် တွေ့ဆုံတဲ့ အမျိုးသမီးငယ်ကိုပါ အိမ်ခေါ်ပြီး သူကစားခဲ့တဲ့ပွဲက ဟိုက်လိုက်တွေကို YouTube ကတစ်ဆင့် ပြန်လည်ပြသခဲ့ပါတယ်။
ရှယ်လ်ဗီရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေအတွက် ဟာသတစ်ခုလို ဖြစ်နေပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ပရိသတ်တွေက မှတ်ချက်အမျိုးမျိုး ပေးနေကြပါတယ်။ ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဖြစ်ပွားခဲ့ပြီး အဆိုပါ မိန်းကလေးကိုယ်တိုင်က ဒါကို လူသိရှင်ကြား ပြန်လည်ဖွင့်ချခဲ့တာလည်း ဖြစ်ပါတယ်။
ရှယ်လ်ဗီဟာ ဆွမ်ဆီး၊ လီဗာပူး၊ နယူးကာဆယ်တို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ နော်တင်ဟမ်ဖောရက်စ်မှာ ကစားလျက်ရှိပါတယ်။ သာမန်အားဖြင့် ကစားသမားတွေက Night Out ထွက်ပြီး ပြန်လာချိန်မှာ သူတို့နဲ့အတူ အဖော်ပါလာတဲ့ အမျိုးသမီးတွေနဲ့ ကြည်နူးဖွယ်အချိန်တွေကို ဖြတ်သန်းတတ်ကြပါတယ်။
ဒါပေမယ့်လည်း ရှယ်လ်ဗီကတော့ ထူးထူးခြားခြားနဲ့ပဲ ဒီမိန်းကလေးကို YouTube က တစ်ဆင့် သူကစားခဲ့တဲ့ပွဲတွေက Highlights တွေကို အိမ်က တီဗီမှာ ဖွင့်ပြခဲ့တာပါ။ ပရိသတ်တွေကတော့ “ဒါက တွစ်တာပေါ်မှာ ဒီနောက်ပိုင်းမြင်သမျှ အရယ်ရဆုံးကိစ္စပဲ” “မင်း လီဗာပူးမှာ ကစားတုန်းက ချဲလ်ဆီးကို အဝေးကန်ချက်နဲ့ ကန်လိုက်တဲ့အလုံးကိုတော့ သေချာပေါက် ပြလိုက်ပါကွာ”
“မင်းက မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုဖြစ်နေလို့ ကောင်မလေးကို ဒီလိုမျိုး ဟိုက်လိုက်တွေ ပြန်ပြတယ်ဆိုရင်တောင် လက်ခံပါတယ်ကွာ” လို့ အမျိုးမျိုး နောက်ပြောင်ခဲ့ကြပါတယ်။ ဓာတ်ပုံမှတ်တမ်းအရတော့ ရှယ်လ်ဗီပြသခဲ့တဲ့ ဟိုက်လိုက်တွေက သူ နယူးကာဆယ်မှာ ကစားခဲ့တုန်းက ကစားပုံတွေကို ပြန်လည်စုစည်းထားတာဖြစ်ပြီး (၁၀) မိနစ်ခန့်ကြာတဲ့ ဗီဒီယိုတစ်ခုလည်း ဖြစ်ပါတယ်။