နောက်ထပ် ထူးခြားမှုတွေ မြင်တွေ့ရဦးမှာပါတဲ့။

ရဲလေးက သက်ထားသူဇာနဲ့ ရိုက်ကူးထားတဲ့ Music MTV လေးကိုတော့ ‘’ချစ်ချစ်တုံး’’လို့ အမည်ပေးထားတာဖြစ်ပါတယ်။ MTV အသစ်တိုင်းမှာ ထူးခြားမှုတွေ တွေ့ရဦးမယ်လို့ သူကပြောပါတယ်။

Photo: ရဲလေး



အဆိုတော်ရဲလေးက သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို ကြက်တောင်အားကစားမယ်လေးတစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာ နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထူးခြားမှုတွေ ပေးချင်တယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ကျွန်တော်က အမြဲတမ်းဆန်းဆန်းပြားပြား ထူးထူးခြားခြားလေးတွေ လုပ်တတ်တဲ့အတွက် မတူညီတဲ့ သရုပ်ဆောင်တစ်ခုကို ပြောင်းလဲချင်တဲ့အတွက် ညီမလေး သက်ထားသူဇာ ကိုရွေးချယ်ဖြစ်တာပေါ့နော်။ နောက်ထပ်သီချင်းအသစ်တွေမှာလည်း အားလုံးမထင်ထားတဲ့ သရုပ်ဆောင်အသစ်တွေကို ထပ်ပြီးတော့ရွေးချယ်ထားပါသေးတယ်။ အတွဲထူးမယ်ပေါ့ သက်ထားသူဇာလိုပဲ ဘယ်သူမှ မထင်ထားတဲ့ မင်းသမီးတစ်ယောက်လာပါလိမ့်မယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့က ‘’ဘာလာလာ’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: YLJK

အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး တစ်ခါမှအတွေ့အကြုံမရှိခဲ့တဲ့ သက်ထားသူဇာနဲ့ MTV တွဲရိုက်ရတဲ့ အတွေ့အကြုံတွေကိုလည်း ရဲလေးက ပြောပြခဲ့ပါသေးတယ်။

‘’ ညီမလေးကသရုပ်ဆောင်ဘက်မှာလည်း Talent ရှိပါတယ်။ ဒါကတော့ သူ့ရဲ့ Professional လိုင်းမဟုတ်ဘူးပေါ့နော်။ အားကစားကိုပဲ တစိုက်မတ်မတ် လုပ်သွားမယ်ဆိုတဲ့အတွက် ကျွန်တော်ကတော့ ပိုပြီးတော့ အားပေးတယ်။ ဒါကတော့ သူ အမှတ်တရအနေနဲ့ ဝင်ပြီးတော့ သရုပ်ဆောင်ပေးပြီးတော့ ကူညီပေးတာပါ။’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါတယ်။

Photo: Ye Lay

ရဲလေးနဲ့ သက်ထားသူဇာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းအသစ်လေးနာမည်ကတော့ ‘’ချစ်ချစ်တုံး’’လို့ အမည်ပေးထားပါတယ်။ ဒီသီချင်းလေးကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ မိတ်ဆက်ပေးလိုက်ပြီလို့လည်း ရဲလေးက ပြောပြခဲ့ပါသေးတယ်။

‘’ဒီသီချင်းလေးမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေတဲ့ သူငယ်ချင်းတွေ စိတ်ကောက်လို့ ပြန်ချော့တဲ့ ပုံစံလေးကိုပဲ Unplugge ပုံစံလေးသီဆိုထားပါတယ်။ အချစ်သီချင်းရိုးရိုးလေးပါပဲ။ အားလုံးလည်း ရင်ဘတ်ချင်းတူမယ်ဆိုရင် ကြိုက်နှစ်သက်မှာပါ။ မိန်းကလေးတွေရော၊ ယောကျ်ားလေးတွေရော လိုက်ဆိုလို့ရပါတယ်’’လို့ သူကဆိုပါတယ်။

Photo: YLJK

ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က