လက်ရှိအချိန်မှာ ကော်လာဂျင်သောက်တာ မြန်မာနိုင်ငံမှာတင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ ရေပန်းစားနေတာ အားလုံးအသိပါပဲ။ တော်တော်များများက ကော်လာဂျင်ကို အသားအရေစိုပြေလှပဖို့နဲ့ နုပျိုဖို့အတွက်သောက်ကြပေမဲ့ ကော်လာဂျင်ဟာ အလှအပတစ်ခုတည်းအတွက်ပဲ အကျိုးပြုတာမဟုတ်ပါဘူး။ ပရိုတင်းဓါတ်တစ်မျိုးဖြစ်တဲ့ ကော်လာဂျင်ဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သား၊ အရေပြား၊ အရိုးစတဲ့အစိတ်အပိုင်းတွေကို အတူတကွခိုင်မြဲနေအောင် ထောက်ကူပေးထားတဲ့အဓိကအရာပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာတခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတယ်။


၁။ အရိုး၊အဆစ်နာကျင်မှုတွေကို သက်သာစေတယ်

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဒူး၊ ကျော စတဲ့နေရာတွေက အရိုး၊အဆစ်တွေနဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး နာကျင်ကိုက်ခဲတာ၊ဒဏ်ဖြစ်လွယ်လာတာတွေကို ခံစားကြရမှာပါ။ ကော်လာဂျင်က အရိုး၊အဆစ်တွေနဲ့ တစ်သျှူးတွေ ကြံ့ခိုင်ကျန်းမာနေအောင်ကူညီပေးပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။


၂။ အရိုးမပွအောင် ကူညီပေးနိုင်တယ်

အသက်ကြီးလာရင် အရိုးတွေက ပွလာပြီး ကျိုးလွယ်လာတတ်ပါတယ်။ ကော်လာဂျင်က အရိုးတွေရဲ့သိပ်သည်းဆလျော့ကျ မသွားအောင်၊ ကျစ်လစ်ခိုင်မာနေအောင်ကူညီပေးနိုင်ပါတယ်။

Photo:makatimed.net

၃။ နိုပျိုစေတယ်

ဒါကတော့ တော်တော်များများသိပြီးသား ကော်လာဂျင်ရဲ့ အကျိုးကျေးဇူးတစ်မျိုးပါ။ ကော်လာဂျင်ဟာ အရေပြားကို ရေဓါတ်မခမ်းခြောက်အောင် ကူညီပေးနိုင်တာကြောင့် အသားအရေတင်းရင်းပြီး အရေးအကြောင်းတွေကို လျော့ကျစေကာ နုပျိုလှပစေတာပဲဖြစ်ပါတယ်။


၄။ အရေပြားပျက်စီးမှုကို ကုသပေးတယ်

ကော်လာဂျင်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့အရေပြားတွေကို ကုသပေးနိုင်တဲ့နေရာမှာ ဆရာကြီးပါပဲ။ ဒါ့အပြင်အရေပြားတင်းရင်းပြီး လှပနေဖို့လည်းကူညီပေးနိုင်ပါသေးတယ်။

Photo: CDN

၅။ ရောင်ရမ်းခြင်းတွေကို ပျောက်ကင်းစေတယ်

အပေါ်မှာပြောခဲ့သလိုပဲ ကော်လာဂျင်ဟာ ပရိုတိန်းတစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ်ကြွယ်ဝပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာပျောက်ကျင်းစေပါတယ်။


၆။ အားကောင်းတဲ့ Anti Oxidant

ဆဲလ်တွေပျက်စီးကာ ခန္ဓာကိုယ်ကို အိုမင်းပြီး၊ နာမကျန်းဖြစ်စေတဲ့ ဖရီးရက်ဒီကယ်လ်တွေ တိုက်ဖျက်ပေးနိုင်တဲ့ အားကောင်းတဲ့ Anti Oxidant အနေနဲ့လည်း ကော်လာဂျင်ကစွမ်းဆောင်ပေးပါတယ်။

Photo: BGA

၇။ အူလမ်းကြောင်းကျန်းမာရေး အတွက်ကောင်းတယ်

ကော်လာဂျင်ဟာ အူလမ်းကြောင်းအတွင်း ရောင်ရမ်းခြင်းတွေကိုလျှော့ချပေးနိုင်ပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

Ref; eWellness Magazine

Share

Loading Next Article...
က္က