အာဆင်နယ်တို့ ဒီယေဂိုကော်စတာကို ခေါ်ဖို့ အသံတွေထွက်ခဲ့တာပါ။

အာဆင်နယ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီယေဂိုကော်စတာဟာ ဘရာဇီးကလပ် ကိုရင်သီယန်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ အဆိုပါ ဘရာဇီးနွယ်ဝင် စပိန်လက်ရွေးစင် ကစားသမားဟောင်းကြီးဟာ လက်ရှိအချိန်မှာ အက်သလက်တီကိုမင်နဲရိုးနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။



အသက် (၃၃) နှစ်အရွယ် ဒီယေဂိုကော်စတာအနေနဲ့ လက်ရှိအချိန်မှာ အသင်းသစ်ရှာဖွေနေပြီး ဗဟိုတိုက်စစ်အတွက် ကစားသမား လိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်ကလည်း ဒီယေဂိုကော်စတာကို ပစ်မှတ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ လာလီဂါကလပ် ကာဒစ်ဇ်က ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ်က ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘရာဇီးကလပ် ကိုရင်သီယန်က ခြေလှမ်းသွက်သွက် လှုပ်ရှားသွားခဲ့ပါတယ်။ နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုရဲ့ အဆိုအရ ဒီယေဂိုကော်စတာတယောက် ကိုရင်သီယန်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ကိုရင်သီယန်ဟာ ဒီယေဂိုကော်စတာဆီက နောက်ဆုံးအဖြေကို စောင့်မျှော်နေရပြီး နာရီပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အဆိုပါအသင်းဘက်က ဆန္ဒရှိနေတယ်လို့ ရိုမာနိုက ပြောပါတယ်။ ရိုမာနိုရဲ့ ပြောဆိုမှုထဲမှာတော့ အာဆင်နယ်နဲ့ ကော်စတာတို့ တစုံတရာဆွေးနွေးမှုမရှိဘူးလို့လည်း သိရပါတယ်။

ဒီယေဂိုကော်စတာကို ခေါ်ယူရေး အားပြိုင်မှုမှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်လည်း ပါဝင်သင့်တယ်လို့ တိုက်တွန်းမှုတွေရှိခဲ့ပေမယ့် နယူးကာဆယ်ကတော့ ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်ကိုသာ ခေါ်ယူခဲ့တာကြောင့် လှောင်ပြောင်ခံနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က