မနေ့ညကပွဲမှာ နယူးကာဆယ်ဂိုးသမား အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲကတော့ မန်ချက်စတာယူနိုက်တက်အတွက် အမြတ်ထွက်ခဲ့တဲ့ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးလ်က အိမ်ရှင်နယူးကာဆယ်ကို ဒါဝင်နူနက်ဇ်၊ ဂက်ခ်ပိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့ပြီး ၂ပွဲဆက်တိုက် နိုင်ပွဲပြန်ရခဲ့ကာ ဒီရာသီမှာ နယူးကာဆယ်ကို နှစ်ကျော့စလုံးအနိုင်ရတ​ဲ့ တခုတည်းသောအသင်းဖြစ်လာခဲ့ပါတယ်။ 

နယူးကာဆယ်ကတော့ ဒီနောက်ပိုင်းမှာ ခြေစွမ်းကျနေပြီး မနေ့ကပွဲမှာ ဂိုးသမားနစ်ပုပ်ခ် အနီကတ်နဲ့ ထုတ်ပယ်ခံရလို့လည်း နစ်နာခဲ့ရပါတယ်။ နစ်ပုပ်ခ်ဟာ ဧရိယာအပြင်ဘက်မှာ ဘောလုံးကို လက်နဲ့ဖမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး သူ့နေရာအတွက် ဒုတိယဂိုးသမား ဒူဗရာကာကို နယူးကာဆယ်တို့ ထည့်သွင်းခဲ့ရပါတယ်။ 

နစ်ပုပ်ခ်ကတော့ ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတော့မှာဖြစ်လို့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲကိုပါ လွဲချော်တော့မှာပါ။ နယူးကာဆယ်တို့ ကံဆိုးတာကတော့ အရန်ဂိုးသမားဒူဗရာကာကလည်း ဒီရာသီမှာ ယူနိုက်တက်ကို အငှားနဲ့ ခဏသွားကစားခဲ့ပြီး ကာရာဘောင်ဖလားပွဲကို ဝင်ကစားပေးခဲ့တာကြောင့် ဗိုလ်လုပွဲကို ဝင်ရောက်ကစားခွင့်ရမှာမဟုတ်ပါဘူး။ 

ဒါကြောင့် တတိယဂိုးသမားဖြစ်တဲ့ လီဗာပူးလ်ဂိုးသမားဟောင်းကာရီးယပ်စ်ကိုသာ နယူးကာဆယ်တို့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ကာရီးယပ်စ်ကတော့ သူ့ရဲ့ အံ့အားသင့်ဖွယ်ရာ ဆိုးရွားတဲ့ လက်စွမ်းတွေကြောင့် လူသိများထင်ရှားခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ သူ့အတွက် တသက်မမေ့နိုင်စရာ ပွဲဖြစ်ခဲ့ဖူးပါတယ်။ 

နယူးကာဆယ်ရဲ့ ဒီအခက်အခဲက ယူနိုက်တက်အတွက်တော့ တကယ်ကို အခွင့်ကောင်းပါပဲ။ ပထမဂိုးသမားနဲ့ ဒုတိယဂိုးသမား မကစားနိုင်တော့တဲ့ အသင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး အခွင့်အရေးတွေ ရခဲ့ပြီဖြစ်ကာ အဲရစ်တန်ဟက်ဂျ်လက်ထက် ဆုဖလားတလုံးကို ရယူနိုင်ဖို့က အားသာချက်တွေအများကြီးရှိသွားခဲ့ပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က