တရားဝင်ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တာလို့ သိရပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ CBS Sports မှာ ဘောလုံးရုပ်သံဝေဖန်သူအဖြစ် ဆောင်ရွက်ဖို့ တရားဝင်ဖိတ်ကြားခံခဲ့ရပေမယ့် ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။ CBS Sports ဟာ အင်တာမိုင်ယာမီထံ တရားဝင်စာပေးပို့ကာ မက်ဆီကို ကမ်းလှမ်းခဲ့တာပါ။



ဒါပေမယ့် အင်တာမိုင်ယာမီ ကြယ်ပွင့် မက်ဆီကိုယ်တိုင်က ဒီအခွင့်အရေးကို ငြင်းဆန်ခဲ့ကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ ကာရေဂါတစ်ယောက် အဆိုပါ ရုပ်သံအစီအစဉ်မှာ ပါဝင်ရိုက်ကူးနေတာကြောင့်လို့ အက်ဘ်ဒိုက ဆိုပါတယ်။

အက်ဘ်ဒိုက “ကျွန်တော်တို့ မက်ဆီအတွက် အင်တာမိုင်ယာမီဆီကို တရားဝင် ဖိတ်ကြားစာပေးပို့ပြီး ဒီရှိုးမှာ လာရောက်ပါဝင်ဖို့ ဖိတ်ခဲ့တာပါ။ ဒါပေမယ့် အင်တာမိုင်ယာမီဘက်က ဘယ်လိုမျိုး အကြောင်းပြန်လဲ ခင်ဗျားတို့ သိလား? မက်ဆီက ဘယ်တီဗီရှိုးမှာမှ ပါမှာမဟုတ်ဘူးလို့ဆိုပြီး အကြောင်းရင်းကတော့ ကာရေဂါရှိနေလို့ဆိုပြီးတော့ပေါ့” လို့ နောက်ပြောင်သွားခဲ့ပါတယ်။
အက်ဘ်ဒိုရဲ့ ပြောစကားက အမှန်တကယ်လား၊ နောက်ပြောင်ခဲ့တာလားဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။ ဒါပေမယ့် ကာရေဂါကတော့ အက်ဘ်ဒိုရဲ့ပြောစကားအပေါ် တစ်စုံတစ်ရာ စိတ်မကွက်ခဲ့ဘဲ ဟာသအဖြစ်သာ သဘောထားခဲ့ပါတယ်။

ကာရေဂါဟာ မက်ဆီရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး ရော်နယ်ဒိုနဲ့ မက်ဆီအကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအတွက် ရော်နယ်ဒိုက မက်ဆီရဲ့ ခြေဖျားကိုတောင် မမှီဘူးလို့ ပြောဆိုကာ မက်ဆီနဲ့ ပတ်သက်လို့ ချီးကျူးထားခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က