တန်ဟက်ဂျ်က လူငယ်ကြယ်ပွင့်ကို သေချာကိုင်တွယ်နေပုံရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကြီးမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂါနာချိုဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းက အဝတ်လဲခန်းအတွင်းမှာ သူ့အတွက် နေရာမရရှိသေးဘူးဘဲ ဖြစ်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားကတော့ ဗီလာကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်ကစားပေးခဲ့ပြီး ၂ ကြိမ်ဖန်တီးကာ ခြေစွမ်းပြခဲ့ပါတယ်။ 

ဂါနာချိုက အသင်းပရိသတ်တွေကြားမှာလည်း ကျော်ကြားမှုတွေရှိလာပေမယ့် နည်းပြတန်ဟက်ဂျ်ကတော့ ကစားသမားကို အောက်ခြေအဆင့်မှာ ပိုခိုင်မာတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ရဖို့သာ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ကာရင်တန်ကွင်းက အသင်းကြီးအဝတ်လဲခန်းအတွင်းမှာ ဂါနာချိုအတွက် နေရာမပေးထားသေးဘူးလို့ သိရပါတယ်။ 

အရင်ကလည်း တန်ဟက်ဂျ်က ဂါနာချိုရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေက လိုအပ်တဲ့အဆင့်မှာမရှိသေးဘူးလို့ ပြောဆိုဖူးပါတယ်။ ဒါကြောင့်ပဲ ဂါနာချိုက ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်မှာ အကန့်အသတ်နဲ့သာရှိနေခဲ့ရပြီး ခြေစွမ်းကောင်းပြသနေပေမယ့် တန်ဟက်ဂျ်က သူလိုချင်တဲ့ ပုံစံကို မရရအောင် သွင်းယူနေတာလည်းဖြစ်ပါတယ်။ 

လူငယ်ကစားသမားတဦးဖြစ်လို့ ကိုင်တွယ်ရတာက ခက်ခဲမှုတချို့ ရှိနေမှာဖြစ်ကာ ဂါနာချိုကို အသင်းကြီးအတွက် ပိုမိုအားကိုးလို့ရအောင် တန်ဟက်ဂျ်ဘက်က သတိထားထိန်းသိမ်းနေရပုံလည်းရပါတယ်။ မလိုအပ်ဘဲ စိတ်ကြီးဝင်ကာ အောက်ခြေလွတ်တတ်တဲ့ သဘောသဘာ၀တွေလည်း ဖြစ်တတ်တာကြောင့် ဂါနာချိုကို အသင်းကြီးမှာ နေရာပေးဖို့အတွက် အချိန်ယူနေရဖွယ်လည်းရှိပါတယ်။ 

Share

Loading Next Article...
က္က