COVID-19 ကာလမှာတော့ KBZPay က သူတို့ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေအတွက် ပြန်အမ်းငွေလက်ဆောင်ပေးတဲ့ Campaign ကို ပြုလုပ်ပေးခဲ့ပြီးပါပြီ။
KBZPay ကတဆင့် အနည်းဆုံးငွေကျပ် ၃၀၀၀ ဖိုးနဲ့အထက် ဝယ်ယူမှုတွေကို QR ကုတ်နဲ့ ငွေပေးချေခဲ့မယ်ဆိုရင် ပြန်အမ်းငွေလက်ဆောင်အဖြစ် ဆုကြေးငွေ ၃၀၀၀ အထိ ပြန်လည်ရရှိမယ်ဆိုတဲ့ Campaign ကိုပြီးခဲ့တဲ့ April မှာ ပြီးစီးခဲ့ပါတယ်။ အခုလက်ရှိမှာလည်း KBZPay က သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အရောင်းကုန်ဆိုင်တွေအတွက်ကိုပါ ကော်မရှင်ပြန်အမ်းငွေများအားလုံးရယူပါ ဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်ပေးလိုက်ပြန်ပါပြီ။ COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ပြီးနောက်မှာ KBZPay က ဝန်ဆောင်မှုအသုံးပြုသူတွေအတွက်ရော၊ အရောင်းကုန်ဆိုင်တွေနဲ့ ကိုယ်စားလှယ်အတွက်ပါ ထူးခြားတဲ့အစီအစဉ်တွေကို ဖန်တီးပေးနေခဲ့တာပါ။
အခု ကော်မရှင်ပြန်အမ်းငွေများအားလုံးရယူပါ အစီအစဉ်မှာလည်း ကိုယ်စားလှယ်တွေ၊ အရောင်းကုန်ဆိုင်တွေအနေနဲ့ QR ကုတ်နဲ့ ငွေပေးချေမှုတွေကို လက်ခံတိုင်းမှာ ကော်မရှင်ပြန်အမ်းငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ဇွန်လ (၃၀) ရက်နေ့အထိ သတ်မှတ်ထား တာဖြစ်လို့ အချိန်တွေအများကြီးကျန်နေသေးတာကြောင့် ကိုယ်စားလှယ်တွေနဲ့ အရောင်းကုန်ဆိုင်တွေအတွက်တော့ ကော်မရှင်ပြန်အမ်းငွေတွေကို အများကြီးရရှိနိုင်မှာပါ။ သတိပြုရမှာကတော့ QR ကုတ်နဲ့ ပေးချေမှုတွေကနေသာ ကော်မရှင်ပြန်အမ်းငွေကို ရရှိမယ်ဆိုတာပါပဲ။
ဒါဟာ ဝန်ဆောင်မှုအသုံးပြုသူတွေအတွက်ရော၊ ကိုယ်စားလှယ်တွေ၊ အရောင်းကုန်ဆိုင်တွေအတွက်ပါ KBZPay က ရည်ရွယ်ပြုလုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ဒီတော့ Stay Home ကာလအတွင်းမှာ မလိုအပ်ဘဲအရဲစွန့်ပြီး နေအိမ်ပြင်ပထွက်ခွာတာကိုလည်း ရှောင်ကျဉ်ရင်း ငွေပေးချေဖို့ လိုအပ်တာတွေ အားလုံးအတွက် KBZPay ဝန်ဆောင်မှုတွေကို အသုံးပြုလိုက်ကြရအောင်။ ပြီးရင်တော့ ပျော်ရွှင်စရာဆုလက်ဆောင်တွေကို ရယူရင်း နောက်ထပ်ဘယ်လိုအစီအစဉ်သစ်တွေကို KBZPay က ဖန်တီးပေးဦးမလဲဆိုတာကို ရင်ခုန်စောင့်မျှော်လို့ ရပါပြီ။