အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တာပါ။

အင်းစိန် (BPI) ဆေးဝါးစက်ရုံမှူးကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့ရာမှာ ခိုင်လုံတဲ့ အထောက်အထားတွေ ပေါ်ပေါက်နေတဲ့အပြင် အများပြည်သူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာနိုင်တာကြောင့် လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

Photo- BPI (စက်ရုံမှူးကို အင်းစိန်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ရာ ဝန်ထမ်းများလာရောက်ဝန်းရံစဉ်)

စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို အရေးယူမှုအပေါ် လူမှုကွန်ယက်စာမျက်နှာတွေမှာ အမြင်အမျိုးမျိုးနဲ့ သဘောထားမှတ်ချက်တွေ ရေးသားနေကြတာကို တွေ့ရှိရတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကော်မရှင်အနေနဲ့ ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်နဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး စက်ရုံမှူးအပေါ် ဝန်ထမ်းတွေရဲ့ ထောက်ခံချက်တွေကိုလည်း လက်ခံစဉ်းစားပေးခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်အရ တစ်ဦးတစ်ယောက်၊ ဌာန အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွား ယှဉ်လာတဲ့အခါ အများပြည်သူ အကျိုးစီးပွားအတွက်ကို ဦးစားပေးကာကွယ်စောင့်ရှောက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo- BPI (စက်ရုံမှူးကို အင်းစိန်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ရာ ဝန်ထမ်းများလာရောက်ဝန်းရံစဉ်)

လက်ရှိမှာ စက်ရုံမှူးကို အရေးယူခဲ့တဲ့ကိစ္စမှာလည်း လေးလေးနက်နက် စဉ်းစားချင့်ချိန်ပြီး ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန် (BPI) ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကော်စေ့ ၂၆ တန်ဝယ်ယူရာမှာ ကုမ္ပဏီနဲ့ပူးပေါင်းပြီး နိုင်ငံတော်ငွေနဲ့ ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးခဲ့ကြောင် းစစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၉ ရက် မှာ ဒေါက်တာ အောင်ဇော်ကို အင်းစိန်တရားရုံးမှာ ရုံးထုတ်ရာမှာ ဆေးဝါးစက်ရုံမှ ဝန်ထမ်း ၁၀၀ ကျော် လာရောက်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။

စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အရေးယူမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို Duwun မီဒီယာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ ပြန်လည် ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Share

Loading Next Article...
က္က