mini secondary display ပါတဲ့ Huawei ရဲ့ ဖုန်းဒီဇိုင်းမူပိုင်ခွင့်သစ်ကတော့ စိတ်ဝင်စားစရာပါပဲ။
နယ်သာလန်နည်းပညာဝက်ဘ်ဆိုက် LetsGoDigital မှာ Huawei ဒီဇိုင်းမူပိုင်ခွင့်ပုံကြမ်းတွေ တက်လာပါတယ်။ ဒီပုံတွေကို ပြီးခဲ့တဲ့ တစ်ပတ်ကပဲ တရုတ်နိုင်ငံ အမျိုးသားဉာဏမူပိုင်ခွင့်ဆိုင်ရာ အုပ်ချုပ်ရေးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။
Photo: Android Authority
ပုံထဲမှာ ကျောဘက် secondary display ဟာ ပုံစံသုံးမျိုးနဲ့ သုံးထားတာတွေ့ရပါတယ်။ ပုံကြမ်းတစ်ခုမှာ ကင်မရာလေးလုံးအကြားမှာ display အသေးစားတစ်ခုသုံးထားပါတယ်။ တစ်ခြားပုံနှစ်ပုံမှာ display ဟာ ပိုသေးပြီး ကင်မရာ array တန်းရဲ့ အပေါ်နဲ့ အောက်ဘက်မှာ သုံးသွားပါတယ်။
Render ပုံကြမ်းအရ ဒီ display ငယ်ဟာ အချိန်နာရီ ၊ ရာသီဥတုနဲ့ တစ်ခြားသတင်းအချက်အလက်တွေ ဖော်ပြပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Display အမျိုးအစားကလည်း Always-On display အမျိုးအစား ဖြစ်မှာပါ။ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ အရင်ကလည်း Secondary Display အဖြစ် ကျောဘက်မှာ screen ပါတဲ့ ဖုန်းတွေ မိတ်ဆက်ဖူးပါတယ်။
Photo: Gizmochina
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာ Meizu ကုမ္ပဏီဟာ ကျောဘက်မှာ အရံ display ငယ်တစ်ခုပါတဲ့ Meizu Pro 7 Plus ကို မိတ်ဆက်ခဲ့ပါတယ်။ Meizu Pro 7 Plus ရဲ့ ဒီဇိုင်းဟာ Huawei အခု တင်ထားတဲ့ ဒီဇိုင်းမူပိုင်ခွင့်နဲ့ အတော်လေး ဆင်ပြီး အရွယ်အစား ပိုကြီးပါတယ်။ Nubia ထုတ် Z20 မော်ဒယ်ကတော့ ကျောဘက်မှာ ၅.၁ လက်မအထိ ရှိတဲ့ secondary screen နဲ့ လာပါတယ်။
ကျောဘက် Secondary Display တွေဟာ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ခြေရှိပြီး ဈေးကွက်မှာလည်း ထိုးဖောက်နိုင်စွမ်း နည်းပါတယ်။ လောလောဆယ် Huawei ဟာ အမေရိကန်အစိုးရရဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် TSMC ဆီကနေ chip မှာယူခွင့်မရတဲ့ ပြဿနာကြုံနေပါတယ်။ ဒါကြောင့်ပဲ dual-screen ဖုန်းမိတ်ဆက်ဖို့ဆိုတာ လက်ရှိမှာ အတော်လေး ခက်ခဲနိုင်ပါတယ်။