တကယ်ကို နာခံတတ်တဲ့ သားတပည့်တစ်ယောက်ပါတဲ့။

မို့မို့မြင့်အောင်က ကျော်ထက်ဇော်ကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားမှုတွေ ပေးဖြစ်ခဲ့တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ 

Photo: Moht Moht Myint Aung



သရုပ်ဆောင် မို့မို့မြင့်အောင်ဟာ ကျော်ထက်ဇော်နဲ့ မဆုံခင်က သူ့ရဲ့သရုပ်ဆောင်မှုတွေကို လေ့လာမိခဲ့တယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ ကျော်ထက်ဇော်ဟာ သူမရဲ့အနုပညာအမွေကို လက်ဆင့်ကမ်းပေးခွင့်ရတဲ့ သားတပည့်တစ်ယောက် ဖြစ်လို့နေပြီလို့ ဆိုပါတယ်။ 

"မို့ရဲ့သားတပည့် ကျော်ထက်ဇော် ကိုအနုပညာအမွေ လက်ဆင့်ကမ်းပေးတာ မိတ်ဆက်ပေးဖို့နောက်ကျနေတာခွင့်လွှတ်ပါ။ သားကျော်ထက်ဇော်ကို ပထမဦးဆုံးစီးရီးမှာ မို့ကလိုအပ်ချက်တွေမြင်တယ် ငယ်သေးတာကိုးပေါ့။ နောက် ကလေး လေးနဲ့စီးရီးကျတော့သိပ်အားမရဘူး။ကြားမှာမို့ဆုံဖို့ကား တစ်ကားကမို့မရိုက်ဖြစ်တော့သူနဲ့လွဲသွားတယ်။သားကျော်ထက်ဇော်ကို ပထမဦးဆုံးစီးရီးက [မို့အမအကြီးဆုံးကကျော်ဆုကိုမျက်လုံးကြိုက်တယ် ကျော်ထက်ဇော်ကိုချောလို့ကြိုက်တယ်ပေါ့] မို့ကလိုအပ်ချက်တွေမြင်တယ် သြော်--

ငယ်သေးတာကိုးပေါ့။ နောက် ကလေး လေးနဲ့စီးရီးကျတော့သိပ်အားမရဘူး။ကြားမှာမို့ဆုံဖို့ကားတကားကမို့မရိုက်ဖြစ်တော့သူနဲ့လွဲသွားတယ်။" လို့ သူက ဆိုပါတယ်။ 

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်ဟာ ကျော်ထက်ဇော်နဲ့အတူ ဇာတ်ကားရိုက်တာတွေ မဆုံခဲ့ကြပေမယ့် ကျော်ထက်ဇော်ရဲ့ကာရိုက်တာတွေမှာ ပိုမိုအသက်ဝင်လာအောင် လေ့ကျင့်သင်ကြားပေးခဲ့ရတဲ့အကြောင်းကိုလည်း မေလ ၂၇ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ 

"မနှစ်က၂၀၁၉ ဖေဖော်ဝါရီလမှာ MRTV -4 ကတာဝန်ရှိသူကမို့ကိုအကူအညီတောင်းလာတယ်။ ကျော်ထက်ဇော်ကိုနှစ်ကိုယ် ခွဲ သရုပ်ဆောင် သင်ပေးပါလို့ မဟုတ်ရင် ထိုင်း ဒါရိုက်တာက ထိုင်းကဆရာနဲ့သင်မယ်ပေါ့။ သူတို့ကလည်း ဒို့မြန်မာပြည်မှာသင်နိုင်တဲ့ဆရာရှိပါတယ် ဆိုတော့ မို့အတွက် CHALLENGE တစ်ခုဖြစ်သွားတယ် မို့ကလည်း ၅ရက်ပဲ သင်မယ်လို့CHALLENGE လုပ်လိုက်တယ်။ လုပ်ပြီးမှတွေးမိတယ် ငါသင်မယ့်တပည့်ကလိုက်နိုင်ပါ့မလားပေါ့။ နောက်နေ့ကျော်ထက်ဇော်ရောက်လာတော့တာပဲ။အရင်ဆုံးသူ့ပခုံး တောင့်နေတာပြင်ရတယ် ။သူ့အိမ်မှာရှိတဲ့GOLF ရိုက်တန်ကိုမျက်ခင်းမှာ သီချင်းဆိုပြီးအကြာကြီးSWINGလုပ်ခိုင်းလိုက်တယ် ။သူကပါးနပ်တယ် အခြေခံတွေပါရအောင်သင်သွားတယ်။ TEMPOအလိုက် အဆင့်ဆင့်ငိုနိုင်တယ် ။ ခက်တာက မို့ မျက်နှာမြင်ပြီးရင်တော်တော်နဲ့အငိုမတိတ်တော့ဘူး။တစ်အိမ်လုံးကြားရအောင်ရှိုက်ကြီးတငင်ငိုတာ။ မို့လည်းမရပ်ခိုင်းဘူး ကုန်အောင်ငိုခိုင်းတယ် မကုန်ရင် ရင်တုံ လက်တုံတွေဖြစ်တတ်တယ်။ ပြန်နုတ်ရတယ်ပေါ့။ ကျော်ထက်ဇော်ကတော့ရူးသွပ်တော့သင်ရတာလွယ်။ နာခံတော့ပညာပေးရတာအားရတယ်" လို့ သူကဆိုပါတယ်။ 

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်က "အချစ်ဖွဲ့ လေညှင်း" ရုပ်သံဇာတ်လမ်းတွဲထဲမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်ရဲ့ အနုပညာအရည်အချင်းတွေကိုလည်း ချီးကျူးပြောပြထားပါသေးတယ်။ " အချစ်ဖွဲ့ လေညှင်း" ရုပ်သံဇာတ်လမ်းတွဲကတော့ လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတာ ဖြစ်ပါတယ်။ 

"အခုပြနေတဲ့ "အချစ်ဖွဲ့လေညင်း" နှစ်ကိုယ်ခွဲလေးကြည့်နေကြရောပေါ့။ အခုမှနှစ်ကိုယ်ခွဲကို သူအတွေ့အကြုံ ရပေမဲ့ ပထမဦးဆုံးအတွေ့အကြုံသူ သဘာနဲ့အများကြီးကြိုးစားတာ ကွဲပြားခြားနားတာတွေတွေ့ရမှာပါ။ရုပ်ရှင်လိုတိုတိုလေးကိုသရုပ်ဆောင်ရတာမဟုတ်ပဲ ဇာတ်လမ်းရှည်ကြီးကိုရိုက်ရတာ တာဝန်အင်မတန်ကြီးပါတယ်။ ဇာတ်က CROSSING CHARACTER တွေကပိုခက်ပါတယ်။ တစ်ကိုယ်နေရာကို တစ်ကိုယ်ဝင် လူချင်းချိန်းရသေး တယ်။ တစ်ယောက်ချင်းရဲ့STYLEပျောက်လို့မရပါဘူး။ ၄ ယောက်စာ သရုပ်ဆောင်ရတာပါ သူတော်ပါတယ်။ သူ့အရွယ် သူ့ သဘာ နဲ့ကြိုးစားပါတယ်။ ခုဆိုအပြင်ရုပ်ရှင်ဇတ်ကားတွေလည်းရိုက်နေရပါပြီ မို့သေသေချာချာ GUIDE LINE တွေပေးပါတယ်။ပရိသတ်ရဲ့အဖြေကိုသိရတော့မို့အပင်ပန်းခံရကျိုးနပ်သွားပါတယ်။အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက အဆိပ် ဇတ်ကားကိုရုံတင်ရင်ကြည့်ကြည့် ကြပါအုံး။ မို့ကတော့ တဆင့်စကားတဆင့်ကြားရတာနဲ့တင်တော်တော်ပီတိဖြစ်နေရပါပြီ" လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်တော်တော်များများကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးနေရသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က