ဒေါ့မွန်နဲ့ပွဲမတိုင်ခင် ဖိုဒန်ဆံပင်ညှပ်ခဲ့တာပါ။

မန်စီးတီး ကွင်းလယ်ကြယ်ပွင့်ကစားသမားလေး ဖီးလ်ဖိုဒန်ဟာ ဒီကနေ့ည ဒေါ့မွန်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုပွဲမတိုင်ခင်မှာ သူ့ရဲ့ ဆံပင်ပုံစံအသစ်ကို ပရိသတ်တွေကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီပုံစံကိုတော့ ပရိသတ်တွေက သဘောမကျဖြစ်နေပြီး သူ့ခေါင်းမှာထိုးထားတဲ့ ပုံစံကို ပြောင်းလဲပစ်ဖို့ တောင်းဆိုနေကြပါတယ်။



ဖိုဒန်ဟာ သူ့ရဲ့ခေါင်းအနောက်ဘက်မှာ ကျောနံပါတ် (၄၇) ကို ပုံစံဖော်ကာ ဆံပင်ညှပ်ခဲ့တာဖြစ်ပြီး ဒီပုံစံကကြည့်ရဆိုးနေတာကြောင့် ပရိသတ်တွေက အခုလိုပဲ မှတ်ချက်ပြုနေကြတာပါ။ ပရိသတ်တွေက “ကျေးဇူးပြုပြီး ခေါင်းပေါ်က အဲ့ဒီနံပါတ်ကြီး ဖျက်လိုက်ပါကွာ” “ဆံပင်ညှပ်ဆရာကရော၊ ဘာလို့ သူပြောတဲ့အတိုင်း ညှပ်ပေးလိုက်ရတာလဲ”

“ဖိုဒန် ဒီပုံစံကြီးနဲ့ ဂိုးသွင်းတဲ့အခါ သူ့အတွက် ပျော်တောင်ပျော်ပေးနိုင်ပါ့မလား မသိတော့ပါဘူး။ တကယ်ကို ရှော့ခ်ရစရာ ဆံပင်ပုံစံပါ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် အကောင်းမြင်တဲ့ပရိသတ်တွေကတော့ ဖိုဒန်ရဲ့ ဆံပင်ပုံစံကို သဘောကျနှစ်သက်ကြောင်း ဆိုခဲ့ကြပါတယ်။ ဖိုဒန်ဟာ ဒီကျောနံပါတ် (၄၇) ကို မန်စီးတီးအသင်းကြီးထံ စတင်ရောက်ရှိလာတည်းက ဝတ်ဆင်ခဲ့တာပါ။

မန်စီးတီးတာဝန်ရှိသူတွေက သူ့အတွက် ကျောနံပါတ်အသစ် စီစဥ်ပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဖိုဒန်ကတော့ ဒါကို ငြင်းဆန်ခဲ့ပါတယ်။ ဖိုဒန်တယောက် ကျောနံပါတ် (၄၇) ကို ဝတ်ဆင်ရတဲ့အကြောင်းရင်းက သူ့ရဲ့အဘိုးလည်းဖြစ်၊ မန်စီးတီးပရိသတ်လည်းဖြစ်တဲ့သူက အသက် (၄၇) နှစ်မှာ ကွယ်လွန်သွားခဲ့တာကြောင့် အခုလိုပဲ ကျောနံပါတ် (၄၇) ကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတာဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ် အဆိုပါအင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ မန်စီးတီးအသင်းကို စတင်ရောက်ရှိလာခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ဖိုဒန်က ဂွါဒီယိုလာ အားကိုးရတဲ့ အဓိက,ကစားသမားဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ (၁၇၇) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၄၇) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က