ကျောင်းသား၊ မိဘနဲ့ ဆရာဆရာမများ လိုက်နာရမယ့် COVID-19 ကာကွယ်ရေး စည်းကမ်းချက်တွေကိုလည်း သီးသန့်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင်လမှာ KG တန်းနဲ့ မူလတန်းကို အရင်ဆုံးဖွင့်လှစ်မှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ရာမှာလည်း COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

 ကျောင်းသား၊မိဘနဲ့ ဆရာဆရာမများလိုက်နာရမယ့် COVID-19 ကာကွယ်ရေးစည်းကမ်းချက်တွေကိုလည်း သီးသန့်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။



ကျောင်းစတင်တက်ရောက်မယ့် မူလတန်းကလေးတွေ နဲ့ ဆရာဆရာမတွေကို Face Shield တစ်ခုနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ အဝတ်နှာခေါင်းစည်း နှစ်ခုစီ ၊ ကျောင်းလာတဲ့အခါမှာ အပူချိန်တိုင်းကိရိယာတွေနဲ့ ကိုယ်အပူချိန်စစ်ဆေးတာ၊လက်မကြာခဏဆေးနိုင်အောင် ရေနဲ့ ဆပ်ပြာတွေ စီစဉ်ပေးတာ၊ ကျောင်းကားတွေမှာလည်း လေဝင်လေထွက်ကောင်းအောင် လေအေးပေးစက်တွေ မဖွင့်ခိုင်းတာ၊ စာသင်ခန်းတွေမှာ ခုံတွေကို ခြားထားပြီး ခပ်ခွာခွာနေခိုင်းတာ စတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းပေါင်းစုံကို အသုံးပြုမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“ ဒီဇိုင်းလှလှလေးတွေ၊ အရုပ်ပုံတွေ ပါတဲ့ Face Shield တွေ၊ Mask တွေကို ကလေးတွေကိုဝေပေးမယ်။ Hand Gel သုံးရင် အန္တရာယ်ရှိမှာစိုးလို့ ရေနဲ့ ဆပ်ပြာပဲ ပေးသုံးမယ်။ စာသင်ခန်းထဲမှာလည်း အရင် ၆ ပေရှိတဲ့ ခုံမှာ လေးယောက်ထိုင်ရတယ်ဆို အခု နှစ်ယောက်ပဲ ထိုင်ရမယ်။ တစ်ခုံနဲ့ တစ်ခုံ ခြားပြီးပေးထိုင်မယ်။ Mask တပ်တာကလည်း တစ်နေကုန် တပ်ထားရင် အသက်ရှုကြပ်တာတွေ ဖြစ်နိုင်လို့ Face Shield တွေ အသုံးပြုလို့ရမယ်။ မိဘတွေ ကျောင်းလာကြိုတဲ့အခါမှာလည်း Social Disatancingစနစ် (ခပ်ခွာခွာနေထိုင်ခြင်း) လုပ်ရမယ်။ “ လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားဦးရေများတဲ့ အတန်းတွေမှာ အသုတ်ခွဲပြီး ကျောင်းတက်ခိုင်းတာမျိုးတွေ လုပ်သွားမှာဖြစ်ပြီး ဆရာဆရာမဦးရေ မလုံလောက်ခဲ့ပါက စေတနာ့ဝန်ထမ်းဆရာဆရာမတွေကို ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကျောင်းချိန်ပြင်ပရောက်သွားခဲ့ရင်လည်း ကလေးတွေ အိမ်ကို ပြန်တဲ့အခါ မိဘတွေက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပြင်ကနေ ပြန်ရောက်လာတဲ့အခါ လုပ်ဆောင်ရမယ့် နည်းလမ်းတွေအတိုင်း ဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။

“ ကလေးတွေ အိမ်ရောက်တဲ့အခါ ကလေးတွေရဲ့ အဝတ်အစားကို သီးသန့်လျှော်ပေးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေ လုပ်ပေးတာ၊ ဒါမျိုးတွေကို မိဘတွေက လုပ်ပေးရမယ်။ ဒီအတွက်လည်း ညွန်ကြားချက်တွေ ထုတ်ပေးမှာပါ” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က