ဘိုင်ယန်မြူးနစ်အသင်းကလည်း ကမ်းလှမ်းဖို့ ပြင်ဆင်နေဆဲပါ။

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့သေချာနေခဲ့ပြီဖြစ်တဲ့ ကော့တင်ဟိုအနေနဲ့ ပရီးမီးယားလိဂ်ကိုပြန်လည်ခြေ ချဖို့ ဆန္ဒရှိနေခဲ့သူပါ။

ချဲလ်ဆီးအသင်းအနေနဲ့ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမားကော့တင်ဟိုကိုခေါ်ယူလိုတယ်လို့အတည် ပြုမှုအချို့ရှိခဲ့ပြီးနောက် ယူရိုသန်း ၈ဝပေးချေကမ်းလှမ်းဖို့အသင့်ရှိနေတယ်လို့ စပိန်မီဒီယာတွေရဲ့ဖော်ပြချက် ကို football espana က ကိုးကားဖော်ပြလာပါတယ်။

လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားစာချုပ်ဖြင့်သွားရောက်ကစားနေတဲ့ ကော့တင်ဟိုကို ခေါ်ယူလိုတဲ့ ဥရောပထိပ်တန်းအသင်းအများစုရှိနေခဲ့ပြီး ပရီးမီးယားလိဂ်အသင်းအချို့ရဲ့စိတ်ဝင်စားခြင်းကိုလည်းခံနေရသူ ဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ ၀ါရင့်တောင်ပံကစားသမားပက်ဒရိုကို အသင်းကနေထွက်ခွာခွင့်ပေးဖို့ရှိနေပြီး ဝီလျံကို လည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ မသေချာတဲ့အခြေအနေကြောင့် ကော့တင်ဟိုကို ခေါ်ယူဖို့ ပိုမိုအားစိုက် လုပ်ဆောင်လာခဲ့တာပါ။

Evening Standard ရဲ့အတည်ပြုချက်အရ ချဲလ်ဆီးနည်းပြလမ်းပတ်အနေနဲ့ အပြောင်းအရွှေ့အတွက် ဘာစီ လိုနာအသင်းထံတရားဝင်ကမ်းလှမ်းဖို့ အသင်းတာဝန်ရှိသူတွေထံတောင်းဆိုထားပြီး ယူရိုသန်း ၈ဝကိုသဘော တူနိုင်ခြေရှိနေတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။

ကစားသမားဖြစ်သူအနေနဲ့ အနာဂတ်ဘရာဇီးလက်ရွေးစင်အသင်းမှာ ဆက်လက်ပါဝင်ခွင့်ရဖို့အတွက် ထိပ်တန်း အသင်းတစ်သင်းသင်းမှာ ကစားဖို့ဆန္ဒရှိတယ်လို့ အရိပ်အမြွတ်ပြောဆိုမှုများရှိခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွ င်းကလည်း ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့အတူ အေးဂျင့်ဂျော်ရက်ချီယန်တို့ တွေ့ဆုံထားခြင်းကအပြောင်း အလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပြန်ပါတယ်။

Share

Loading Next Article...
က္က