ဘာစီလိုနာအနေနဲ့ အနည်းဆုံးပေါင်သန်း ၈ဝရရှိပါက ကော့တင်ဟိုကို လက်လွှတ်ဖို့ရှိနေတာပါ။

ဘရာဇီးတောင်ပံကစားသမားအနေနဲ့ ပြီးခဲ့တဲ့၂၀၁၈က ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ကစားခဲ့သူပါ။

လီဗာပူးအသင်းနည်းပြဂျာဂင်ကလော့ပ်အနေနဲ့ ဘာစီလိုနာအသင်းရဲ့အနာဂတ်တွင် ပါဝင်ခွင့်ရဖို့မသေ ချာတော့တဲ့ ကစားသမားဟောင်းဖြစ်သူ ကော့တင်ဟိုကို အန်ဖီးလ်ဆီ ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတ ယ်လို့ အေးဂျင့်ဖြစ်သူရဲ့ အတည်ပြုမှုကို givemesport.com ကဖော်ပြလာပါတယ်။

ကော့တင်ဟိုအနေနဲ့ ၂၀၁၈ ခုနှစ်က ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ခဲ့ပေမယ့် နည်းပြဟောင်းဗယ် ဗာဒီရဲ့ နည်းစနစ်ပိုင်းအတွင်း အံဝင်အောင်ကစားနိုင်ခြင်းမရှိတဲ့အတွက် အခုနှစ်ရာသီအစကတည်းက ဂျာမနီထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားနေခဲ့တာ လည်းဖြစ်ပါတယ်။



ဘာစီလိုနာအသင်းကတော့ ကော့တင်ဟိုအတွက် ပေါင်သန်း ၁ဝဝအထိ ရရှိလိုနေတဲ့အတွက် လက်ရှိ ကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူနိုင်ချေနည်းပါးနေပြီး အခြားဆက်စပ်သတင်းတွေအရ တော့ ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

ကစားသမားဖြစ်သူရဲ့ အေးဂျင့်ကတော့ အသင်း ၃သင်းရဲ့ ကမ်းလှမ်းမှုကိုလက်ခံရရှိထားခဲ့ပြီး ပရီးမီး ယားလိဂ်အသင်းကြီးတွေပါဝင်နေတယ်လို့ အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် လီဗာပူးပရိ သတ်တွေအကြား စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပြီး ကာယကံရှင်ဖြစ်သူကိုယ်တိုင်ကလည်း ဗြိတိန်ကိုပြန် လည်ပြောင်းရွှေ့ကစားလိုနေတယ်လို့လည်း သိရပါတယ်။

အခြားဆက်စပ်သတင်းတွေအရ ကော့တင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် စပါးအသင်းက တရားဝင်ကမ်း လှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ပြီး football.london ရဲ့အခိုင်အမာဖော်ပြချက်အရ အပြောင်းအရွှေ့အ တွက် ပေါင် ရရသန်းအထိအသုံးပြုဖို့အသင့်ရှိနေပြီး လာမယ့်မတ်လအတွင်း ကမ်းလှမ်းဖို့ရှိနေတယ်လို့ ဖော်ပြလာခဲ့တာပါ။

Share

က္က