ဘိုင်ယန်မြူးနစ်အသင်းကလည်း တရားဝင်ကမ်းလှမ်းဖို့ရှိနေပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားအနေနဲ့ ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့အသင့်ရှိနေသူလ ည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့သေချာခဲ့ပြီဖြစ်တဲ့ တောင်ပံကစားသမားကော့တင်ဟိုအနေနဲ့ ပရီးမီးယားလိ ဂ်ကို ပြန်လည်ခြေချလိုတယ်လို့ အရိပ်အမြွတ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီးနောက် အသင်းကြီးအချို့ရဲ့စိတ်ဝင်စားခြ င်းခံနေရပြီး အပြိုင်ကမ်းလှမ်းမှုတွေပြုလုပ်ကြဖို့ ရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

သတင်းဖော်ပြမှုတွင် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါး၊ လက်စတာတို့ရဲ့ စိတ်ဝင်စားမှုကိုခံ နေရတဲ့ ကော့တင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်းကပါ ခေါ်ယူလိုနေတယ်လို့ dailymail ကဖော်ပြလာ တဲ့အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးအပြောင်းအရွှေ့သတင်းဖြစ်လာခဲ့တာပါ။



ဘာစီလိုနာအသင်းကတော့ ကော့တင်ဟိုအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးတစ်ရပ်ကို သတ်မှတ်ထားပြီး ဖြစ်ပြီး လက်ရှိအငှားစာချုပ်နဲ့ကစားနေတဲ့ ဂျာမနီဘွန်ဒက်စ်လီဂါကလပ်ဘိုင်ယန်မြူးနစ်အသင်းကလည်း ရာသီ ကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူလိုနေပြန်ပါတယ်။

လက်ရှိမှာ တရားဝင်ကမ်းလှမ်းမှုများကို လက်ခံနေပြီဖြစ်တဲ့ ကော့တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူရဲ့အတည်ပြုချက် မှာတော့အသင်းဟောင်းလီဗာပူးအသင်းကတော့ကမ်းလှမ်းမှုပြုလုပ်ဖို့မရှိဘဲအခြားပရီးမီးယားလိဂ်အသင်းကြီး တွေကပဲ စိတ်ဝင်တစားရှိနေခဲ့တာလို့ ဖွင့်ဟပြောဆိုထားခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းနဲ့အကြား စာချုပ်သက်တမ်း ၃နှစ်ကျန်ရှိနေသေးတဲ့ ကော့တင်ဟိုအနေနဲ့ ဘရာဇီးလက်ရွေး စင်အသင်းတွင် ဆက်လက်ပါဝင်ခွင့်ရရှိရေးအတွက် ဥရောပအသင်းကြီးတစ်သင်းသင်းမှာဆက်ကစားလိုနေပြီး အနာဂတ်ကာလကို လာမယ့်ကစားသမားအပြောင်းအရွှေ့စျေးကွက်ရောက်မှ ဆုံးဖြတ်ဖို့ရှိနေတယ်လို့လည်းသ တင်းဖော်ပြမှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က