စူဖန်ဘူရီက ကြံခင်းထဲပျောက်သွားတဲ့ မြန်မာကလေးငယ်ကို သေဆုံးရက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။
ကလေးမိဘများကို တွေ့ရစဉ်
၂ နှစ်သားအရွယ်ကလေးငယ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်ညနေမှာတော့ကြံခင်းနဲ့ ၅ ကီလိုမီတာအကွာမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိရတာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့အမည်က စိုးလေးဖြူဖြစ်ပြီး ကလေးငယ်ရဲ့မိဘများမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများဖြစ်ကာ ခြံခုတ်တဲ့အလုပ် လာရောက်လုပ်ကိုင်နေကြသူတွေလို့ ဆိုပါတယ်။
ကလေးကိုရှာဖွေဖို့အတွက် ထိုင်းဖက်က လူရာနဲ့ချီသုံးပြီး ထိုင်းစစ်တပ်၊ ရဲတွေနဲ့ ဒေသခံ ဗော်လန်တီယာတွေက ကူညီပေးခဲ့ကြသလို ဆင်တွေ၊ ရဟတ်ယာဉ်၊ Drone တွေ၊ အနံ့ခံခွေးတွေ သုံးပြီးတော့လည်း ရှာဖွေခဲ့ရပါတယ်။