ဟယ်ရီကိန်း ဘိုင်ယန်ကို ပြောင်းသင့်၊ မပြောင်းသင့် ငြင်းခုန်နေကြတာပါ။

ဖာဒီနန်နဲ့ ကာရေဂါတို့နှစ်ယောက်ဟာ ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ့်အရေးအတွက် အမြင်ကွဲပြားနေပြန်ကြောင်း သိရှိရပါတယ်။ ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အထိ တန်ကြေးရှိတဲ့ ပက်ကေ့ချ်နဲ့ ကမ်းလှမ်းခဲ့ပြီး စပါးကလည်း သဘောတူညီခဲ့ပါတယ်။



လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်း အသင်းပြောင်းမလား၊ စပါးမှာ ဆက်နေမလားဆိုတာကို ဆုံးဖြတ်ရတော့မယ့်အချိန်ပါ။ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဟယ်ရီကိန်းတစ်ယောက် ဘိုင်ယန်မြူးနစ်ကို မပြောင်းရွှေ့ဘဲ စပါးမှာသာ ဆက်နေဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

ကာရေဂါကတော့ “အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းမှတ်တမ်းက ပရီးမီးယားလိဂ်ချန်ပီယံဆုထက်တောင် လူပြောများပါသေးတယ်။ ဒီစံချိန်မှတ်တမ်းက ဟယ်ရီကိန်းအတွက် ကြီးကျယ်ခမ်းနားတဲ့ မှတ်တမ်းပါ။ ဘိုင်ယန်မြူးနစ်ကို သွားရင်တော့ သူ ချန်ပီယံလိဂ်ကစားခွင့်ရဖို့ အာမခံချက်ရှိပြီး နှစ်တိုင်း ဖလားရမှာပါ။ သူတို့က ပြည်တွင်းမှာ ဘယ်လိုနေနေ ဖလားရပါတယ်”

“ဟယ်ရီကိန်းအနေနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုထက်စာရင် ပရီးမီးယားလိဂ်ဂိုးသွင်းမှတ်တမ်းကိုသာ ပိုလိုချင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်ကတော့ “ခင်ဗျားအနေနဲ့ ရွှေဖိနပ်ဆုရဖို့က အသင်းလိုက်အောင်မြင်မှုထက် ကစားသမားဘဝမှာ ပိုအရေးပေးရမှာ မဟုတ်ပါဘူး။ ဒါတွေက ပုဂ္ဂိုလ်ရေး အောင်မြင်မှုတွေပဲရှိပါတယ်”

“ကံကောင်းပါစေ ဟယ်ရီကိန်းရေ” လို့ ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၂၁၃) ဂိုးသွင်းယူထားပြီး အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီဖို့ (၄၇) ဂိုးသာ လိုအပ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အသင်းလိုက် ဆုဖလားမရရှိဖူးတာက ဟယ်ရီကိန်းအတွက် ကြီးမားတဲ့ အမည်းစက်တစ်ခုလည်း ဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က