သူကိုယ်တိုင်လည်း အံ့သြမိတယ်တဲ့။

ပိုင်တံခွန်က တောင်ကွဲစေတီတော်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြလာတာပါ။ သူကိုယ်တိုင် ဘုရားမှာတွေ့တဲ့ ကလေးလေး ငါးယောက်နဲ့ ဓာတ်ပုံရိုက်ခဲ့ပေမယ့် ပုံထဲမှာတော့ ကလေးလေးယောက်ပဲ ပါလာတဲ့အဖြစ်ကို ပြောပြထားဖြစ်ပါတယ်

ကလေးငါးယောက်နဲ့ ပထမဆုံး ရိုက်တဲ့ပုံ Photo : ပိုင်တံခွန် FB



မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ အလုပ်ကိစ္စနဲ့ လွိုင်ကော်ကို ရောက်ရှိနေခဲ့ပါတယ်။ လွိုင်ကော်မှာရှိတဲ့ တောင်ကွဲစေတီတော်သို့သွားရင်း ဘုရားပေါ်မှာတွေ့တဲ့ ကလေးလေး(၅)ယောက်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ပိုင်တံခွန်ဟာ ပထမဆုံးအနေနဲ့ ကလေးလေး(၅)ယောက်နဲ့ ဓာတ်ပုံရိုက်ခဲ့ပေမယ့် ပုံတွေက ဝါးတာကြောင့် ဓာတ်ပုံဆရာကို အသစ်ထပ်ရိုက်ပေးဖို့ ပြောခဲ့ပြီး ကလေး(၅)ယောက်နဲ့ နောက်ထပ် ဓာတ်ပုံထပ်ရိုက်ခဲ့ပါတယ်။

ကလေးတွေကို ဓာတ်ပုံလေးရိုက်လို့ရလား ခွင့်တောင်းခဲ့တယ် ပြီးတော့ မြင်တဲ့အတိုင်း ဓာတ်ပုံရိုက်ခဲ့တယ်။ ပထမ ရိုက်ထားတဲ့ဓာတ်ပုံ (2ပုံ မှာ) ကလေး ငါးယောက်လုံးပါတယ် ဒါပေမယ့် နဲနဲဝါးနေလို့ ထပ်ရိုက်ကြမယ်နော်ဆိုပြီး ကျွန်တော်က အလယ်အစွန်းမှာ ထိုင်လိုက်တယ် ကလေးငါးယောက်ကို တဖက်မှာနှစ်ယောက် တစ်ဖက်မှာသုံးယောက်ထားပြီး ရိုက်ခဲ့တယ် ။” လို့ သူက ဆိုပါတယ်။

ဒုတိယအကြိမ် ကလေးငါးယောက်နဲ့ ရိုက်ပေမယ့် လေးယောက်ပဲ ပါလာတဲ့ပုံ Photo : ပိုင်တံခွန် FB

ကလေးလေး ငါးယောက်နဲ့ ဓာတ်ပုံထပ်ရိုက်ခဲ့ပေမယ့် အငယ်ဆုံးကလေးလေးက ဓာတ်ပုံထဲ ပါမလာခဲ့ဘူးတဲ့။ ကလေးငါးယောက်နဲ့ သေချာဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ပိုင်တံခွန်တစ်ယောက် ဓာတ်ပုံကို ပြန်ကြည့်တဲ့အခါမှာ အငယ်ဆုံး ကလေးလေးရဲ့ပုံ ပါမလာတာကြောင့် အံ့သြလို့နေပါတယ်။

“ရိုက်နေရင်းနဲ့တောင် ကိုရင်လေးတစ်ပါး ကင်မရာဘောင်ထဲ ပေါ်လာလို့ ကင်မရာမန်းက ကိုရင်လေးပါနေတယ်ဆိုပြီးတောင် ပြောလိုက်သေးတယ်။ ပြောနေရင်း ကျွန်တော့်ဝဲဘက်မှာ ထိုင်နေတဲ့ အကျႌမဲနဲ့သမီးလေးဘေးမှာ တခြား သမီးလေးတစ်ယောက်ပါသေးတယ်။ အဲကလေးကိုအကို့နားတိုးဦး ဆိုပြီး ဖက်ထားသေးတယ်။ ဒါပေမယ့် ဓာတ်ပုံတိုင်းမှာ အဲကလေးပါမလာဘူး ကလေး ၄ယောက်ဘဲ ပါလာတယ် အကျီၤဖြူနဲ့ သမီးလေးတစ်ယောက် ဘယ်ပုံမှာမှ ပါမလာဘူး ။ ကျွန်တော့်အနောက်မှာ ပုန်းနေလို့လဲ မရဘူး အနောက်မှာ နေရာမရှိဘူး။ ပုန်းနေရင်တောင် ဒီကလေးက တစွန်းတစ်စပါကိုပါတယ် ပြီးတော့ 10 စက္ကန့်အတွင်းမှာ ဒီကလေးက ဘယ်မှ မရောက်နိုင်ဘူး ဘေးမှာကပ်ရပ်ထိုင်နေတာမို့ပါ

ဘာလို့ပိုသေချာလဲဆိုရင် ရိုက်ပြီးတဲ့ချိန် ကျွန်တော်ကိုယ်တိုင် အဲ့အဖြူရာင် အငယ်ဆုံးလေးကို အောက်ကို ချီချခဲ့တယ် “ ဆိုပြီး ဖေဖော်ဝါရီ(၂) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ ဖြစ်ပါတယ်။

Photo : ပိုင်တံခွန် FB

ဒီအဖြစ်နဲ့ ပတ်သက်ပြီး သူအပါအဝင် လွိုင်ကော်က ပွဲငှားတဲ့သူတွေရော၊ ဓာတ်ပုံဆရာပါ အရမ်းအံ့သြနေခဲ့တယ်လို့ ဆိုပါတယ်။ နေ့ခင်းဘက် ဘုရားပေါ်မှာ ဒီလိုကိစ္စတွေဖြစ်သွားတဲ့အတွက် ပိုင်တံခွန်တစ်ယောက် အရမ်းကို အံ့သြလို့နေပါတယ်။ သူရေးထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ယုံတဲ့ပရိသတ်တွေရှိသလို တချို့ကျတော့ လှောင်ပြောင်နေကြပါတယ်။ လှောင်ပြောင်တဲ့မှတ်ချက်တွေ ရေးတဲ့သူကိုတွေတော့ ပိုင်တံခွန်အနေနဲ့ ဘာမှ ပြန်လည်ရှင်းပြထားတာမျိုး မရှိခဲ့ပါဘူး

Photo : ပိုင်တံခွန် FB

ပိုင်တံခွန်ဟာ မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ရောက်ရှိလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ တီဗီကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးနေရပြီး အောင်မြင်မှုနေရာတစ်ခုကို ရောက်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က