ဆေးဘက်ဆိုင်ရာဝန်ထမ်း ၃၀ ခန့်က မရပ်မနား ကြိုးပမ်းခဲ့ကြပါတယ်။

တရုတ်နိုင်ငံ ချန်ဇူးကလေးဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက နှလုံးခုန်ရပ်သွားခဲ့တဲ့ အသက် ၈ နှစ်အရွယ် ယောက်ျားလေးလူနာတစ်ဦးကို အသက်ကယ်နိုင်ရန် ရင်ဘတ်ကိုဖိပြီး အရေးပေါ် နှလုံးပြန်လည်နှိုးဆွမှုကို ငါးနာရီကျော်ကြာ မရပ်မနား ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။



Photo: Changzhou Children's Hospital



Xiao Yu အမည်ရှိ အဆိုပါ ယောက်ျားလေးလူနာဟာ စက်တင်ဘာ ၂၀ ရက်နေ့က နှလုံးကြွက်သား ရောင်ရမ်းတဲ့ရောဂါဖြင့် ဆေးရုံတက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ကုသပေးခဲ့ပြီးနောက် Xia Yu ရဲ့ အခြေအနေ တိုးတက်လာခဲ့ပေမဲ့ နောက်တစ်နေ့ မနက်ပိုင်းမှာတော့ နှလုံးခုန်ရပ်သွားခဲ့ပါတယ်။

ထိုအခြေအနေအရ Xiao Yu ကို extracorporeal membrane oxygenation (ECMO) ခေါ် ကုသမှုပေးရန် လိုအပ်လာခဲ့ပါတယ်။ သို့သော် အဆိုပါကုသမှုအတွက် လိုအပ်တဲ့ စက်ကိရိယာကို ရှန်ဟိုင်းမှာရှိတဲ့ ဆေးရုံတစ်ရုံကနေ သွားရောက်ယူဆောင်ရမှာ ဖြစ်ပါတယ်။

Photo: Changzhou Children's Hospital



ရှန်ဟိုင်းဆေးရုံမှ စက်ကိရိယာကို စောင့်ဆိုင်းနေစဉ်အတွင်း Xiao Yu ရဲ့ သွေးခုန်နှုန်းကျဆင်းကာ နှလုံးရပ်သွားပြီး အသက်မရှူတော့ဘူးလို့ ဆိုပါတယ်။ ထိုသို့ဖြစ်သွားခဲ့ရာမှာ ချန်ဇူးကလေးဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက Xiao Yu ရဲ့ ရင်ဘတ်ကို မရပ်မနားတမ်း အလှည့်ကျဖိပေးပြီး အသက်ကယ်နိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်း ၃၀ ခန့်က Xiao Yu ရဲ့ ရင်ဘတ်ကို မရပ်မနား အလှည့်ကျဖိပေးပြီး ၎င်းရဲ့အသက်ကို ကယ်တင်ခဲ့ကြတယ်လို့ ချန်ဇူးကလေးဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

Photo: Changzhou Children's Hospital



၎င်းတို့က Xiao Yu ရဲ့ ရင်ဘတ်ကို တစ်ဦးလျှင် ၂ မိနစ်ခန့်အကြာ အလှည့်ကျဖိပေးမှုကို မရပ်မနားဘဲ ရှန်ဟိုင်းဆေးရုံမှ စက်ကိရိယာရောက်လာတဲ့အထိ ငါးနာရီကျော်ကြာ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ "မျှော်လင့်ချက်သေးသေးလေးပဲ ရှိနေခဲ့ရင်တောင်မှ ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားရမှာပဲလေ" လို့ ဆေးရုံမှတာဝန်ရှိသူ လီယာမင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က