ဒုတိယကိုယ်ဝန်လွယ်ထားရတာပါ။

အဆိုတော် နေနေက မကြာခင်မှာ ဒုတိယရင်သွေးလေးကို မွေးဖွားတော့မှာ ဖြစ်ပါတယ်။ သားလေးနဲ့ တွေ့ရဖို့ (၁၆) ရက်သာ လိုတော့တယ်လို့ ဆိုပါတယ်။

 

Photo : နေနေ

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အဆိုတော် နေနေက မကြာခင်မှာ သားလေးတစ်ယောက် ပိုင်ဆိုင်ရတော့မှာပါ။ သားလေးနဲ့တွေ့ရဖို့ (၁၆) ရက်သာလိုတော့တယ်ဆိုပြီး ပြောထားပါသေးတယ်။

“ကလေး လေးနဲ့ တွေ့ရဘို့ ...၁၆ ရက်သာလိုပါတော့တယ်....ဘယ်လိုရုပ်ကလေးဖြစ်လာမလဲ အရမ်းသိချင်တယ်...သူကလေးလည်းထွက်ချင်ရှာနေလားမသိဘူး..တိုးချက်က လန်ထွက်တယ်...ဗိုက်က တခါတလေ.ဝိုးင်းဝိုင်းြကြီးဖြစ်သွားလိုက်..တခါတခါလည်းအပေါ်ကြီးချွန်တက်လာလိုက်နဲ့...ကန်ချက်တွေ ..ရုန်းချက်တွေဆိုတာ...အမေလုပ်သူလည်း တချက်ချက်..နာလွန်းလို့ထထအော်ရတယ်..ဆော့ချက်ငါ့သားရယ်...ဒီရက်ပိုင်းတွေတော့နားပါပြီ..မွေးပြီးမှ...ပြန်ဝုန်းဒိုင်းကြဲတော့မယ်” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နေနေ

နေနေဟာ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးအတွက်လည်း သီဆိုပေးထားတယ်လို့ သိရပါတယ်။ ကိုယ်ဝန်နဲ့ အလုပ်လုပ်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“Director ဇင်ယော်မောင်မောင် ရယ် သားဖြစ်သူ မင်းသန့်မောင်မောင်မောင် တို့ တွဲဖက် ရိုက်ကူးထားတဲ့ ကိုးရီးယား မြန်မာ နှစ်နိုင်ငံ မင်းသား မင်းသမီး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား အတွက် တေးရေး(ဓီရာမိုရ်)ရေးပေးထားတဲ့ ဇာတ်ဝင်သီချင်းတွေ အသံသွင်း နေပါတယ်..☺☺☺.ဗိုက်နဲ့လည်း အလုပ်လုပ်ခွင့်ရတဲ့အတွက်ဝမ်းသာတယ်” ဆိုပြီးပြောထားပါသေးတယ်။

Photo : နေနေ

ကလေးမွေးပြီးရင်လည်း အနုပညာအလုပ်တွေကို ဒီထက်ပိုကြိုးစားပြီး တစိုက်မတ်မတ်လုပ်နိုင်အောင် ကြိုးစားသွားပ့ါမယ်လို့ ဆိုပါတယ်။

အဆိုတော် နေနေဟာ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦး ပါ။ လက်ရှိမှာ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က