ချစ်သုဝေက ညဖက်မှာ ကလေးတွေနဲ့ အနားယူရင်း လမ်းပေါ်က မုန့်ဖက်ထုပ်ရောင်းတဲ့ ကလေးလေးရဲ့ အသံကို နားထောင်ရင်း စိတ်မကောင်း ဖြစ်လို့နေတာပါ။ မျက်ရည်တောင် ကျမိတယ်တဲ့။
Photo : ချစ်သုဝေ
အိပ်နေတဲ့ သမီးလေးတွေရဲ့ ဘေးနားမှာ ခင်ပွန်းဖြစ်သူ ဝယ်ပေးခဲ့တဲ့ မုန့်ဖက်ထုပ်လေး စားရင်း ချစ်သုဝေတစ်ယောက် အတွေးပေါင်း များစွာနဲ့ နယ်ခဲျ့လို့နေခဲ့ပါတယ်။ သမီးလေးတွေရဲ့ ရှေ့ရေးကို တွေးပြီး ပူနေတဲ့ ချစ်သုဝေက လမ်းမထက်က မုန့်ဖက်ထုပ်ရောင်းတဲ့ ငါးနှစ်အရွယ် ကလေးလေး အသံကို ကြားမိရာက သူမရဲ့ အတွေးတွေ ရပ်တန့်သွားစေခဲ့ပါတယ်။ မုန့်ဖက်ထုပ်တောင်းလေး ခေါင်းပေါ်မှာ ရွက်ပြီး ကလေးလေးရဲ့ လက်ကို တွဲကို မုန့်ဖက်ထုပ်ရောင်းနေတဲ့ သားအမိကို ကြည့်ရင်း မျက်ရည်တွေတောင် စီးကျလာခဲ့တယ်လို့ ဆိုပါတယ်။
Photo : ချစ်သုဝေ
“သမီးလေးတွေဘေးမှာယောကျာ်းကိုလွမ်းလို့ မိသားစုအတူအမြဲနေချင်လို့ အိမ်စခွဲကာစမို့ မေကြီးတို့ကိုလွမ်းလို့ တစ်နေကုန် အပြင်အလုပ် အိမ်အလုပ် ပင်ပမ်းလို့ စထားခါစဖြစ်နေတဲ့ စီးပွားရေးလေးအတွက် ရှေ့ရေးတွေတွေးပူလို့ သမီးလေးတွေရဲ့ရှေ့ရေးအတွက်ပူလို့လောဘပေါင်းများစွာနဲ့ မုန့်ဖက်ထုပ်ကို စားရင်းတွေးချင်ရာတွေး ပူချင်ရာပူနေတုန်း ကိုယ့်ကွန်ဒိုလေးက ရပ်ကွက်လမ်းပေါ်က အသံကြားမိလိုက်တယ်။"မုန့်ဖက်ထုပ်ပူပူလေး.." အမျိုးသမီးတစ်ယောက်အသံ (ဪ ငါ့နဲ့နော် စဉ်းစားလို့မဆုံးခင်လေး. နောက်ထပ်အသံတစ်ခု နောက်ကလိုက်လာတယ်.။ "မုန့်ဖက်ထုပ်ပူပူလေး.." ၅နှစ်လောက်လို့ခန့်မှန်းရတဲ့ကလေးအသံလေးနဲ့ တံခါးကိုဖွင့် လမ်းပေါ်လှမ်းကြည့်မိတော့ မုန့်ဖက်ထုပ်တောင်းလေးကိုခေါင်းမှာရွက် သားလေးကိုလက်ကတစ်ဖက်တွဲ သားအမိ၂ယောက်ကို ကျွန်မမြင်တော့ မျက်ရည်ဟာအလိုလိုစီးကျလာတယ်။ ကျွန်မလိပ်ပြာကကိုယ့်ကိုယ် ကိုရှက်စေတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ (၁) ရက်နေ့ ညက ရေးသားထားပါတယ်။
Photo : ချစ်သုဝေ
မုန့်ဖက်ထုပ်ရောင်းတဲ့ သားအမိရဲ့ အသံက ဝေးသထက်ဝေးသွားခဲ့ပေမယ့် ချစ်သုဝေရဲ့ အတွေးတွေကတော့ ကျယ်သထက် ကျယ်လို့ လာခဲ့ပါတယ်။ အနာဂတ်ကို တွေးပူတယ်ဆိုပြီး ညည်းတွားနေဖို့ကိုလည်း သူမ ရှက်တတ်သွားပြီလို့ ဆိုပါတယ်။လူဆိုတာ ဘယ်လိုအနေအထားမျိုးပဲ ဖြစ်ဖြစ် ဘဝကို အရှုံးမပေးပဲ ရုန်းကန်နေရတာမှ ဘဝစစ်ဆိုပြီး သူမက ပြောထားပါသေးတယ်။
ချစ်သုဝေတစ်ယောက် နောက်ဆုံး ဆုတောင်းလိုက်တာကတော့ “ကလေးလေးတွေအားလုံးရဲ့ ဘဝတွေဟာ တူညီနေရင် သိပ်ကောင်းမယ်” ဆိုတာလေး ဖြစ်ပါတယ်။သူမရဲ့ စာသားလေးကိုဖတ်ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။