ကြည်နူးဖို့ ကောင်းလိုက်တာ။

ခိုင်နှင်းဝေက ဒီနေ့မှာ စနေသမီးလေးတစ်ယောက်ကို ထပ်ပြီး မွေးစားလိုက်ပါပြီ။ အခုဆိုရင် ခိုင်နှင်းဝေဆီမှာ သူမဆီမှာ ခေါ်ထားတဲ့ သမီးလေးမပါ ကလေး(၉)ယောက် မိခင်တစ်ဦးဖြစ်လို့နေပါပြီ။


 

Photo : ခိုင်နှင်းဝေ



ပရဟိတအလုပ်တွေ လုပ်နေရရင်၊ လူသားတွေအတွက် အကျိုးပြုနေရရင်ကို ပျော်နေတဲ့ ခိုင်နှင်းဝေက ဒီနေ့မှာ သူမရဲ့ ဘဝထဲ သမီးလေးတစ်ယောက် ထပ်ရောက်လာလို့ ပျော်လို့နေပါတယ်။ ဒီနေ့(မေလ၄ရက်)မှာ သူမရဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းဆီသို့ သမီးလေးတစ်ယောက် လာရောက်အပ်နှံခဲ့တယ်လို့ သူမက ပြောပါတယ်။

“စနေသမီး 3ရက်သမီးလေး ကျွန်မဆီကိုထပ်ရောက်လာပြန်ပါပြီ ကလေးမိခင်ကိုယ်တိုင် ကျွန်မတို့အသင်းကို လာရောက်အပ်နှံခဲ့တာပါ။ ဒါပေမယ့် လို့ ကျွန်မ ခေါင်းထဲ နှိပ်ဆက်နေတဲ့ အတွေးက မိခင်ဖြစ်သူက ကိုယ့်ကလေးလေးကို ကျွန်မတို့ဆီ ကိုယ်တိုင် အပ်နှံတဲ့အချိန်မှာ စိတ်ချမ်းသာနေနိုင်ပါ့မလား?” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၄) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

 

Photo : ခိုင်နှင်းဝေ

ကလေးလေးတွေဟာ သူမအတွက် နောက်ထပ် အားအင်တစ်ခုပါပဲလို့ ဆိုပါတယ်။ “ကျွန်မဘဝအတွက် နောက်ထပ် "အားအင်" တစ်ခုပေါ့ အားမငယ်နဲ့ သားလေးရေ... မေမေ့ သား/သမီးတွေရဲ့စိတ်ထဲ ဘယ်တော့မှမသိမ်ငယ်စေရဘူး. မိဘမဲ့လို့ အပြောမခံစေရဘူး...ဒါမေမေ ပေးနိုင်တဲ့ မေတ္တာတရားနဲ့က တိသစ္စာပဲ” ဆိုပြီး ဧပြီလ(၂၆) ရက်နေ့ ပြောဖူးခဲ့ပါသေးတယ်။

Photo : ခိုင်နှင်းဝေ

လက်ရှိအချိန်ထိ ခိုင်နှင်းဝေ မွေးစားထားတဲ့ ကလေးလေးတွေဟာ (၉)ယောက်တိတိ ရှိလို့နေခဲ့ပါပြီ။ ကလေးလေးတွေကို သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းတွင် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

Photo : ခိုင်နှင်းဝေ

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က