ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ လှူဒါန်းခဲ့တာပါ။

ကိုဗစ်ကာလအတွင်းမှာ ကျန်ရှိနေတဲ့ အလှူငွေ လက်ကျန်တွေကို ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ဖို့ အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 

Photo : ချစ်သုဝေ

အဆိုတော် လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံဟာ ဧရာဝတီတိုင်း၊ သဲကုန်းအုပ်စု၊ အုန်း​ချောင်း​ကျေးရွာမှာ​ကျေးလက်​ဆေး​ပေးခန်း ​ဆောက်လုပ်ဖို့အတွက် ‌‌‌ငွေကျပ် သိန်း (၂၀၀) တိတိအား ပုသိမ်‌ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ခေတ်သစ် ​ဖောင်​ဒေးရှင်းးအ​နေနဲ့ COVID 19ကာလအတွင်းကျန်ရှိ​သောအလူ​ငွေလက်ကျန်အား ဧရာဝတီတိုင်း သဲကုန်းအုပ်စု အုန်း​ချောင်း​ကျေးရွာတွင် ​ကျေးလက်​ဆေး​ပေးခန်း ​ဆောက်လုပ်ရန် ပုသိမ်​ဆေးရုံအုပ်ကြီး ဆရာDr. သန်းမင်းထွဋ် အား ​ငွေကျပ်သိန်း၂၀၀ ​ပေးအပ်လှူဒါန်းပါသည်ရှင့်” ဆိုပြီး ဇူလိုင် (၁၁) ရက်နေ့က ချစ်သုဝေရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : ချစ်သုဝေ

ဧရာဝတီတိုင်း၊ သဲကုန်းအုပ်စု ကျေးရွာ(၇)ရွာမှာ သားဖွားခန်းတွေ လိုအပ်သလို ကျေးရွာတွေအတွက် လိုအပ်တဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ဖို့အတွက် လှူဒါန်းခဲ့တာ ဖြစ်ပြီး အလှူရှင်တွေ ဝမ်း‌‌မြောက်နိုင်ဖို့ ယခုလို ဖော်ပြပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကုန်းလမ်း​ရေလမ်းဖြင့်သွားရသည့် ဧရာဝတီတိုင်း သဲကုန်းအုပ်စု ​ကျေးရွာ ၇ရွာအတွက် သားဖွားခန်းအပါ​​ကျေးလက်​ဆေးခန်း​လေး မှာအလွန်လိုအပ်လှသည့်ကျန်းမာ​ရေးလိုအပ်ချက်ဖြစ်ပြီး တာဝန်ကျဆရာမ​လေးများ၏ လုပ်ငန်းခွင်လုံခြုံမှု, ကာကွယ်​ဆေးထိုးခြင်း, သားဖွားခြင်း, ​ကျန်းမာ​ရေး​စောင့်​ရှောက်မှူများပြုလုပ်နိုင်ခြင်း, ကျန်းမာ​ရေး​အသိပညာ​ပေးဟော​ပြောပွဲများပြုလုပ်နိုင်ခြင်း အစရှိသည်များကို ​ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အလှူရှင်များအားလုံးစိတ်နှလုံးဝမ်း​မြောက် ပီတိဖြစ်ရန်တင်ပြအပ်ပါသည်ရှင့်” ဆိုပြီး ဆက်လက်‌‌ပြောပြထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်၊

Share

Loading Next Article...
က္က