ဖောင်ဒေးရှင်းကို ကျပ်သိန်း(၂၀၀) စတင် မတည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေနာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်တော့မှာပါ။ ဖောင်ဒေးရှင်း နာမည်ကို "ခေတ်သစ်"လို့ ပေးထားပြီး ငွေကျပ်သိန်း(၂၀၀) တိတိ မတည်ပေးထားပါတယ်။ ဒီဖောင်ဒေးရှင်းကို လင်းလင်းနဲ့ချစ်သုဝေက ကလေးတွေ အသက်(၁၆) နှစ်မှာ လွှဲပြောင်းပေးသွားမှာပါ။

"ခေတ်သစ်"ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ခေတ်နဲ့သစ်



လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေနာမည်နဲ့ ဖောင်ဒေးရှင်း တစ်ခုတည်ထောင်တော့မှာ ဖြစ်ပါတယ်။၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့မှာ ကျရောက်မယ့် ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းသွားမှာပါ။ ဖေဖော်ဝါရီ(၂) ရက်နေ့ကစလို့ ဖောင်ဒေးရှင်းကို စတင်အကောင်အထည်သွားမှာဖြစ်တယ်လို့ ဇန်နဝါရီ( ၁၇) ရက်နေ့က ပြုလုပ်တဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲမှာ ချစ်သုဝေက ပြောခဲ့တာပါ။

ဖောင်ဒေးရှင်းအကြောင်း ရှင်းပြနေတဲ့ ချစ်သုဝေ

“ဒီဖောင်ဒေးရှင်းလေးအတွက် အမတို့က ငွေကျပ်သိန်း(၂၀၀) မတည်ထားတယ်။ ပြီးတော့ Channel 7 မှာ မိသားစု ပရိုဂရမ်လေးတစ်ခုအတွက်ကိုလည်း အနုပညာကြေးငွေမယူဘဲ ရိုက်ကူးပြီး ရန်ပုံငွေရှာသွားဖို့ ရှိပါတယ်။ ရန်ပုံငွေအတွက် မိသားစုနဲ့ Forever Group နဲ့ပေါင်းပြီး “ခေတ်နဲ့သစ်တို့ကမ္ဘာဆိုတဲ့ အစီအစဉ်ရိုက်ကူးပြီး အလှူငွေတွေ ထည့်လှူနိုင်ဖို့ကိုလည်း စီစဉ်ထားပါတယ်” လို့ ချစ်သုဝေက ဆိုပါတယ်။

"ခေတ်သစ်"ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ခေတ်နဲ့သစ်

“ခေတ်နဲ့သစ်တို့ကမ္ဘာ” အစီအစဉ်ကို ၂၀၁၉ခုနှစ်၊ မတ်လ(၉) ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့ ည(၈)နာရီမှာ Channel 7 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲစိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

"ခေတ်သစ်"ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ခေတ်နဲ့သစ်

“ခေတ်သစ်”ဖောင်ဒေးရှင်းကို ကလေးတွေ အသက်(၁၆) နှစ်မှာ သူတို့လက်ထဲသို့ လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ ချစ်သုဝေက ဆိုပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေးတွေပါ။ သူတို့ကို ၂၀၁၇ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့ နံနက် (၇)နာရီ (၄၄)မိနစ်က ပန်းလိုှုင်ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ ပရိသတ်တွေရဲ့ မျက်လုံးအောက်မှာတင် ကြီးပြင်းလာတဲ့ သူတို့လေးတွေဟာ လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ(၁၉) ရက်နေ့မှာဆိုရင် အသက်(၂)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က