ဖြစ်စဉ်ကိုစုံစမ်းနေဆဲပါ။

ရွာထဲဝင်လာသူတစ်ယောက်ကို ကလေးသူခိုးဆိုပြီး ရွာသားတွေကို ဝိုင်းရိုက်သတ်ပြီး မီးရှို့မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးရဲစခန်းက တာဝန်ကျ ရဲအရာရှိက Duwun ကို စက်တင်ဘာ ၁၁ ရက်နေ့မှာပြောပါတယ်။

 

Photo - PhyoWaiHlyan

 

စစ်ကိုင်းဒေသကြီး၊ မင်းတည်ရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်လောက်က လူ ၅ ယောက်လောက်ဝင်လာပြီး ကလေးတစ်ယောက်ကို ခိုးဖို့ကြိုးစားတယ်ဆိုပြီးရွာသားတွေဝိုင်းလိုက်ရာက တစ်ယောက်ကိုမိခဲ့လို့ ရွာသားတွေကဝိုင်းရိုက်ပြီး ရွာသင်္ချ ိုင်းမှာ မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။



“ဖြစ်စဉ်ကို စုံစမ်းနေဆဲပါပဲ။ အခုတာဝန်ရှိသူတွေက သွားပြီးစုံစမ်းမှုတွေလုပ်နေပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ”လို့ ရဲအရာရှိက Duwun ကိုပြောတယ်။

အဲ့ဒီကိစ္စဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူမည်သူမည်ဝါဆိုတာနဲ့ ဖြစ်စဉ်အသေးစိတ်အခြေအနေကို အမှုကိုတော့ ရာဇသက်ကြီးပုဒ်မ- ၃၀၂/၂၀၁/၁၄၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က