ဝိုင်းရိုက်ခဲ့တယ်လို့ သံသယရှိသူတွေကို စစ်ဆေးနေပါတယ်။

ချောင်းဦးမြို့နယ် မင်းတည်ရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ညက ကလေးသူခိုးလို့ စွပ်စွဲခံရပြီး ရွာသားတွေဝိုင်းရိုက်နက်ပြီး မီးရှို့ခဲ့၍ သေဆုံးသူမှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ယောက်ဖြစ်ကြောင်း ချောင်းဦးရဲစခန်းက သိရပါတယ်။





Photo - PhyoWaiHlyan



"သေဆုံးသူရဲ့ ဇနီးကလည်း လိုက်လာပါတယ်။ သေဆုံးသူဟာ စိတ်ကျန်းမာရေးမကောင်းသူဆိုတာကို အတည်ပြုနိုင်ပါတယ်။ လောလောဆယ် အဲ့ဒီရွာက ပြစ်မှုကျူးလွန်တယ်လို့ မင်္သကာသူ ၅ ယောက်ကု ိစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။"လို့ ချောင်းဦးမြို့မရဲစခန်းက ရဲအုပ်ရဲမြင့်က Duwun ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။



စစ်ကိုင်းဒေသကြီး၊ မင်းတည်ရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီကျော်လောက်က လူတစ်ယောက်ဝင်လာတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကနေ "လူလိုက်တယ်" ဆိုပြီးအော်ဟစ်ရာကနေ ကလေးခိုးဖို့ကြိုးစားတယ်ဆိုပြီးရွာသားတွေကဝိုင်းရိုက်ပြီး ရွာသင်္ချ ိုင်းမှာ မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။



သေဆုံးသူဦးကြည်နိုင်ဟာ မြင်းမူမြို့နယ် ခြေတော်ရာကျေးရွာမှာနေထိုင်သူဖြစ်ပြီး သူ့ရဲ့မိသားစုက ရဲစခန်းမှာ မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားတွေပြသပြီး စိတ်ကျန်းမာရေးအတွက် ကုသမှုတွေပြုလုပ်နေတယ်ဆိုတာကိုပါ ရဲစခန်းကို ပြသခဲ့ပါတယ်။



အဆိုပါအမှုကိုတော့ ချောင်းဦးမြို့မရဲစခန်းကနေ ရာဇသက်ကြီးပုဒ်မ- ၃၀၂/၂၀၁/၁၄၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က