Photo - Pho Zaw FB
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က ကလေငယ်တစ်ယောက်ကို အဖွားဖြစ်သူနဲ့ အဒေါ်ဖြစ်သူက ကျောက်စည်ပိုင်းထဲထည့်ပြီး ရေနှစ်နေတဲ့ ရုပ်သံဗီဒီယိုတစ်ခုလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာပါ။
"ဥပဒေအကြံပြုချက်တောင်းထားပြီး တရားစွဲဖို့ လုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာမာန်ဆုံးမတာထက် ကျော်လွန်တဲ့ အနေအထားဖြစ်နေတဲ့အတွက် အရေးယူရမှာပါ။"လို့ မြောက်ဥက္ကလာရဲစခန်းက တာဝန်ရှိသူက Duwun ကို ပြောပါတယ်။
Photo - Pho Zaw FB
ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)မှာ ပြဌာန်းချက်အရ မိဘ၊ ဆရာ ဒါမှမဟုတ် အုပ်ထိန်းသူက လိမ္မာစေဖို့ ဆုံးမတာထက် တမင်ညှင်းပန်းနှိပ်စက်တာဆိုရင် ထောင်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ခုလို နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ကလေးရဲ့ အဖွားတော်တဲ့ ဒေါ်မြင့်ချိုနဲ့ အဒေါ်တော်စပ်တဲ့ ဒေါ်အေးမြတ်လွင်တို့ကို ဝေဖန်မှုတွေမြင့်တက်နေပါတယ်။