Photo - Bago Region Government- FB
ကမ္ဘောဇသာဒီ နန်းတော်ကြီးနဲ့အတူ မြို့ရိုးတွေ ကျုံးတွေကို အေဒီ-၁၅၅၁ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ ဘုရင့်နောင်မင်းလက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုဒဏ်နဲ့ အခြားသော အကြောင်းတွေကြောင့် ပျက်စီးနေခဲ့တာ နှစ်ပေါင်း ၄၅၀ လောက်ရှိပြီလို့ ဆိုပါတယ်။
ယခု တူးဖော်ရေးစီမံကိန်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး Asia Peacock ဟံသာဝတီကုမ္ပဏီလီမိတက်က တူးဖော်နေတာဖြစ်ပါတယ်။ ကျုံးတူးဖော်နေစဉ် ရှေးဟောင်းပစ္စည်းတွေ ရရှိခဲ့ရလည်း ကြီးကြပ်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Photo - Bago Region Government- FB
ဒါ့အပြင် ကျုံးတူးဖော်ခြင်းလုပ်ငန်းနဲ့ ကျုံးအတွင်းရှိ အမှိုက်၊ ဒိုက်၊ နှုံးများလည်း ပြန်လည်တူးဖော်ဆယ်ယူခြင်း၊ မူလမြို့ရိုးတံခါးနေရာများ ဖော်ထုတ်ပြီး ဆိုင်းဘုတ်များတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။