အဲ့ဒီလို ငွေကြေးတောင်းတာတွေရှိခဲ့ရင် ကိုယ်သုံးစွဲနေတဲ့ ဘဏ်ဆိုင်ရာအချက်အလက်တွေကို မသမာသူတွေကိုအသိပေးတာတွေ၊ ငွေလွှဲပြောင်းပေးတာတွေ လုံးဝမလုပ်ကြဖို့ သုံးစွဲသူတွေကို KBZ ဘဏ်က တိုက်တွန်းထားပါတယ်။
ကမ္ဘောဇ Mobile Banking ကံစမ်းမဲ သိန်း ၅၀၀ ကျပ်ကံထူးတယ်ဆိုပြီး ဖုန်း Message ပို့ပြီး ငွေလိမ်လည်တောင်းခံမှုတွေပြုလုပ်နေတာကြောင့် သတိထားကြဖို့အတွက် ကမ္ဘောဇဘဏ်ကနေ ထုတ်ပြန်ထားပါတယ်။ မသမာသူတွေက မဲပေါက်တယ်ဆိုပြီးတောင်းခံမှုတွေအပေါ် ကမ္ဘောဇဘဏ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ဧပြီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
"အခုတလော အဲ့ဒီလို Mobile Banking ကနေမဲပေါက်တယ်ဆိုပြီး မသမာသူတွေက ငွေကြေးတောင်းတာတွေရှိတယ်။ မဲပေါက်တယ် ဘဏ်အကောင့်နဲ့ Passward တောင်းတာမျိုးတွေရှိတယ်။"လို့ KBZ ဘဏ်ရဲ့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
အဲ့ဒီလို ငွေကြေးတောင်းတာတွေရှိခဲ့ရင် ကိုယ်သုံးစွဲနေတဲ့ ဘဏ်ဆိုင်ရာအချက်အလက်တွေကို မသမာသူတွေကိုအသိပေးတာတွေ၊ ငွေလွှဲပြောင်းပေးတာတွေ လုံးဝမလုပ်ကြဖို့ သုံးစွဲသူတွေကို KBZ ဘဏ်က တိုက်တွန်းထားပါတယ်။ အဲ့ဒီလို ငွေတောင်းခံရပြီဆိုရင် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲနှင့် KBZ Hotline ဖုန်းနံပါတ် 09 951018555 သို့ စုံစမ်းမေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ ကံစမ်းမဲပေါက်တယ်ဆိုပြီး လိမ်လည်မှုတွေဟာ နည်းပေါင်းစုံနဲ့ လိမ်လည်မှုတွေရှိနေပြီး ငွေကြေးအရင်တောင်းတာမျိုးတွေ ပြုလုပ်လေ့ရှိကြပါတယ်။