နောက်တစ်ကြိမ်ပြန်လည်စစ်ဆေးနေပါတယ်။

စူဖန်ဘူရီက ကြံခင်းထဲပျောက်သွားတဲ့ မြန်မာကလေးငယ်ကို သေဆုံးရက်ပြန်လည်တွေ့ရှိခဲ့တာမှာ ရဲစစ်ချက်အဖြေကို မကျေနပ်တဲ့ အတွက် ဘာကြောင့် သေဆုံးရတယ်ဆိုတာ နောက်တစ်ကြိမ်ထပ်ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo - The Nation

ပထမအကြိမ်အနေနဲ့ အထွေထွေရဲဆေးရုံကြီးရဲ့မှုခင်းဆေးပညာဌာနမှာစစ်ဆေးမှုပြုလုပ်ခဲ့ရမှာ ပြင်ပထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးဆိုပြီးတော့ ရလဒ်ထွက်လာတာကြောင့် နောက်တစ်ကြိမ်စစ်ဆေးဖို့ ကလေးရဲ့ မိဘတွေက တောင်းဆိုခဲ့တာပါ။

ကလေးရဲ့မိခင်ကတော့ အဖြစ်မှန်ပေါ်ပေါက်လာမှသာ ကလေးကို သဂြိုလ်မှာဖြစ်တယ်လို့ပြောကြားတယ်ဆိုပြီး ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

၂ နှစ်သားအရွယ်ကလေးငယ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်ညနေမှာတော့ကြံခင်းနဲ့ ၅ ကီလိုမီတာအကွာမှာသေဆုံးရက်ပြန်လည်တွေ့ရှိရတာဖြစ်ပါတယ်။

ကလေးငယ်ရဲ့အမည်က စိုးလေးဖြူဖြစ်ပြီး ကလေးငယ်ရဲ့မိဘများမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများ ဖြစ်ကာ ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ကလေးကိုရှာဖွေဖို့အတွက် ထိုင်းဖက်က လူရာနဲ့ချီသုံးပြီးထိုင်းစစ်တပ်၊ ရဲတွေနဲ့ ဒေသခံ ဗော်လန်တီယာတွေက ကူညီပေးခဲ့ကြသလိုဆင်တွေ၊ ရဟတ်ယာဉ်၊ Drone တွေ၊ အနံ့ခံခွေးတွေ သုံးပြီးတော့လည်း ရှာဖွေခဲ့ရပါတယ်။

Share

Loading Next Article...
က္က