ကြံခင်းထဲ သေဆုံးသွားတဲ့ မြန်မာ ကလေးငယ်သေဆုံးမှုအတွက် သံသယရှိသူကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးမှုပြုလုပ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ သတင်းမှာဖော်ပြထားပါတယ်။
Photo - FB.We Love SuphanBuri
ဆူဖန်ဘူရီက ကြံခင်းထဲမှာ ၉ ရက်လောက်ပျောက်သွားတဲ့ ၂ နှစ်သားအရွယ်ကလေးကို သေဆုံးလျက်ပြန်လည်တွေ့ရှိရပြီး ကလေးငယ်သေဆုံးမှုနဲ့ ဆက်စပ်လို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူတစ်ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်တာပါ။
မြန်မာကလေးငယ်ကို သေဆုံးရက်ပြန်လည်တွေ့ရှိခဲ့တာမှာ ရဲစစ်ချက်အဖြေကို မကျေနပ်တဲ့ အတွက် မိဘတွေက နောက်တစ်ကြိမ်စစ်ဆေးဖို့ တောင်းဆိုအပြီးမှာပဲ ထိုင်းရဲတွေက မသင်္ကာသူကိုဖမ်းဆီးလိုက်တာပါ။
ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရတော့ အသက် ၃၂ နှစ်အရွယ်အဲ့ဒီအမျိုးသားဟာ ကလေးကို ကြံခင်းထဲမှာ ဆော့ကစားဖို့အတွက် ခေါ်ဆောင်ခဲ့တယ်လို့ ဝန်ခံထားတယ်လို့လည်းသိရပါတယ်။
၂ နှစ်သားအရွယ်ကလေးငယ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်ညနေမှာတော့ကြံခင်းနဲ့ ၅ ကီလိုမီတာအကွာမှာသေဆုံးရက်ပြန်လည်တွေ့ရှိရတာဖြစ်ပါတယ်။
ကလေးငယ်ရဲ့အမည်က စိုးလေးဖြူဖြစ်ပြီး ကလေးငယ်ရဲ့မိဘများမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများ ဖြစ်ကာ ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။