တန်ဟက်လက်အောက် မန်ယူနိုက်တက်ရဲ့ အောင်မြင်မှုမှာ အထောက်အကူဖြစ်ခဲ့တာဖြစ်ပါတယ်။

ကက်စမဲရိုးဟာ ဂျူဗင်တပ်အသင်းအတွက် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ မန်ချက်စတာစီးတီးကစားသမားဟောင်းရဲ့ တောင်းဆိုခြင်းကို ခံခဲ့ရပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညမှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် ဆီဗီလာနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ကက်စမဲရိုး ပြန်လည်ပါဝင်ကစားပေးနိုင်မှာဖြစ်တာကြောင့် အားတက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ စည်းကမ်းပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အနီကတ် ၂ ကတ်အထိ လအနည်းငယ်အတွင်း ပြသခံခဲ့ရပေမယ့်လည်း တန်ဟက်လက်အောက် မန်ယူနိုက်တက်ရဲ့ အောင်မြင်မှုမှာ အထောက်အကူဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကစားသမားဟောင်း ဒါနီလိုက ကက်စမဲရိုးသာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် နှစ်သက်မိမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“ထိပ်တန်းအသင်းတွေကို ကြည့်လိုက်ပါ။ သူတို့တွေအားလုံးမှာ အသင်းခေါင်းဆောင်ဖြစ်သလို အလုပ်ကြိုးစားတဲ့ သူတွေလည်း ဖြစ်တဲ့ ဘရာဇိးလ်ကစားသမားတွေ ရှိပါတယ်။ ပီအကစ်ဂျီမှာဆိုရင် မာကင်ညို့စ်၊ ချဲလ်ဆီးမှာ သီယေဂို ဆေးလ်ဗာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အခု မန်ယူနိုက်တက်မှာ ကက်စမဲရိုး။ လီဗာပူးလ်မှာ အယ်လစ်ဆန်။ မန်စီးတီးမှာ အီဒါဆန်၊ သူ့မတိုင်ခင်က ဖာနန်ဒင်ညိုရှိခဲ့တယ်။ ဘရာဇီးလ်ကစားသမားတွေရဲ့ ခံယူချက်က ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ တစ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပေမယ့်လည်း အဲဒီကစားသမားတွေအားလုံး ဒီကိုလာပြီး နှစ်ပေါင်းများစွာ အသင်းမှာ ရှိနေနိုင်ပါတယ်။ ကျွန်တော် ကက်စမဲရိုးကို ဒီမှာ ရှိနေစေချင်ပြီး သူက ဒီမှာဆိုရင် အိမ်မှာရှိနေသလို ဖြစ်နေမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က