၁၅၉၉၀၀ ကျပ်ဈေးနဲ့ရောင်းချသွားမှာပါ

မျက်နှာပြင်အကြီးစား dual cameras များနဲ့လာတဲ့ တန်ဖိုးနည်း Realme C1 ဖုန်းသစ် တရားဝင်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့Malia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

Photo: Duwun Tech



         ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက အိန္ဒိယဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Realme C1 ဟာ ဒီနှစ်ထဲမှာမှ စတင်ထွက်ပေါ်လာခဲ့တဲ့ Realme brand တစ်ခု ဖြစ်ပါတယ်။ OPPO ရဲ့ global ဒု-ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စကိုင်းလ်လီဟာ Realme အမှတ်တံဆိပ်နဲ့အတူ Realme 1, Realme 2 , Realme 2 Pro တို့ကို ဒီနှစ်ထဲမှာ ခပ်စိပ်စိပ် မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာခဲ့တာပါ။

         Realme ရဲ့ နောက်ဆုံး မော်ဒယ်ဖြစ်တဲ့ Realme C1 ဟာလည်း Realme ဖုန်းတွေထဲမှာရော လက်ရှိဈေးကွက်ထဲမှာပါ ဈေးအနည်းဆုံး ဖုန်းစာရင်းမှာ ထည့်သွင်းရမယ့် ဖုန်းတစ်လုံးဖြစ်ပြီး ခေတ်မီတဲ့ စမတ်ဖုန်း အသွင်အပြင်နဲ့specs တွေ ထည့်သွင်းလာပါတယ်။ မျက်နှာပြင် ၆.၂ လက်မရှိတဲ့ ဒီဖုန်းဟာ အကြီးစား ဘက်ထရီပါဝါဖြစ်တဲ့ 4230 mAh ကို သုံးထားတာပါ။

         Realme C1 ဟာ ၂၀၁၈ စမတ်ဖုန်း trend ဖြစ်တဲ့ notch နဲ့လာပြီး 19:9 aspect ratio ဒီဇိုင်းကြောင့် ကိုယ်ထည်ဟာ သေးသွယ်ရှည်လျားနေမှာ ဖြစ်ပါတယ်။ ကျောဘက်မှာ အလျားလိုက် dual rear cameras တွေ ဖြစ်တဲ့ 13MP+2MP ကင်မရာနှစ်လုံးတွဲ စနစ် ပါရှိပြီး ရှေ့ဘက် 5MP ကင်မရာကလည်း AI Face Unlock စနစ် သုံးနိုင်မှာပါ။

         ဘက်ဂျက်ဖုန်းတစ်လုံးဖြစ်ပေမယ့် Realme C1 ဟာ performance သိပ်မနိမ့်တဲ့ octa-core Snapdragon 450 Processor ကို သုံးထားပြီး RAM/storage ကတော့ 2GB/16GB အတွဲနဲ့ထုတ်ထားပါတယ်။ OS ပိုင်းမှာ Color OS 5.2 ထည့်ထားတဲ့ Android 8.1 Oreo စနစ်ကို သုံးထားလို့update ဖြစ်တဲ့ စနစ်လို့ဆိုရမှာပါ။

Photo: Duwun Tech

         ပြည်တွင်းဈေးကွက်ထဲမှာ Realme C1 ကို အနက် ၊ အပြာ ကာလာ ၂ ရောင်နဲ့မိတ်ဆက်ထားပြီး မြန်မာငွေ ၁၅၉၉၀၀ ကျပ်ဈေးနဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က