ကိုယ့် Personal Values နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာတွေ လုပ်ရတာလည်း ရှိမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။




ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ပုဂ္ဂလိကတန်ဖိုးတွေကို ဘေးဖယ်ထားဖို့ လိုမယ်ဆိုပြီး Netflix က ဝန်ထမ်းတွေကို သတိပေးလိုက်ပါတယ်။ 

နာမည်ကြီး ရုပ်ရှင် Streaming လုပ်ငန်းတစ်ခုဖြစ်တဲ့ Netflix ဟာ ၂၀၁၇ ခုနှစ်က စလို့ ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီရဲ့လုပ်ငန်းခွင် ယဉ်ကျေးမှုလမ်းညွှန် Culture Guidelines တွေကို အသစ်ပြောင်းလိုက်ပြီး ဒီထဲမှာ အနုပညာမြောက် ဖော်ထုတ်ချက်ဆိုတဲ့ ကဏ္ဍတစ်ရပ်လည်း Culture Guidelines မှာ ထည့်သွင်းလာပါတယ်။ ဒီကဏ္ဍမှာ ဝန်ထမ်းတွေအနေနဲ့ သူတို့သတ်မှတ်ထားတဲ့ပုဂ္ဂလိကတန်ဖိုးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ Content တွေ ဖန်တီးရတာမျိုးလည်း ရှိမယ်လို့ ဖော်ပြထားပါတယ်။ 





"သင့်ရဲ့ အခန်းကဏ္ဍပေါ် လိုက်ပြီး သင့်အမြင်မှာ အန္တရာယ်ရှိတယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေလည်း လုပ်ကိုင်ရတာတွေ ရှိနိင်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ရဲ့ Content အတိုင်းအတာကို Support ပေးဖို့ ခက်တယ်လို့ ထင်ရင် Netflix ဟာ သင့်အတွက် အကောင်းဆုံးနေရာ ဖြစ်မှာ မဟုတ်ပါဘူး" လို့ Netflix ရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုညွှန်ကြားချက်မှာ အသစ်တိုးလိုက်တဲ့ Artistic Expression ကဏ္ဍမှာ ဖော်ပြထားပါတယ်။ 

Artistic Expression မှာပဲ ကုမ္ပဏီဟာ ကြည့်ရှုသူတွေကို ဘယ်ဟာက သူတို့နဲ့ သင့်တော်တယ်ဆိုပြီး ဆုံးဖြတ်ခွင့်ပေးထားပြီး Netflix ဘက်က သီးသန့် အနုပညာရှင်နဲ့ အသံတွေပေါ် ဆင်ဆာထားတာမျိုး လုပ်ထားတယ်လို့လည်း ပြောထားပါတယ်။ ဒီအတိုင်း လိုက်နာဖို့ အဆင်မပြေဘူးဆိုတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်က ထွက်ဖို့ ကုမ္ပဏီဘက်က ပြောထားတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် Subscribers ဦးရေ ကျဆင်းပြီး စီးပွားရေးအထိနာလာချိန်မှာ Netflix က အခုလို လုပ်ဆောင်လာတာပါ။ 



လုပ်ငန်းတူပြိုင်ဘက်တွေရဲ့ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်း ၊ Paid User ရဲ့ အကောင့်တွေ Share သုံးခြင်း ၊ ငွေကြေးဖောင်းပွမှု ၊ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်မှုကြောင့် ဖြစ်လာတဲ့ စီးပွားရေးဂယက်တွေက Netflix ရဲ့ စီးပွားရေးကို နှေးကွေးလာစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ မေလဆန်းပိုင်းမှာ ဝင်ငွေနှေးကွေးလာတာကို အကြောင်းပြုပြီး Netflix ဝန်ထမ်း ၁၅၀ ကို အလုပ်ထုတ်ခဲ့ပါတယ်။

ကုမ္ပဏီမူဝါဒကို မကြိုက်ရင် အလုပ်က ထွက်နိုင်တယ်လို့ ပြောခဲ့အပေါ် Netflix ကို ဝေဖန်နေကြပေမယ့် Tesla CEO အီလွန်မတ်စ်ကတော့ Netflix ရဲ့ လုပ်ရပ်ကို "ကောင်းမွန်တဲ့ လုပ်ဆောင်ချက်" ဆိုပြီး Tweet ရေးကာ ချီးကျူးခဲ့ပါတယ်။ မတ်စ်ကိုယ်တိုင်ကလည်း သူ့ကို ဆန့်ကျင်သူတွေကို အလုပ်ဖြုတ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က