ယူနိုက်တက်တို့ ရန်းနစ်ဂ်ကိုု နည်းပြအဖြစ်ခန့်အပ်ဖို့ သဘောတူညီခဲ့တာပါ။

ယူနိုက်တက်ဟာ လိုက်ပ်ဇစ်နည်းပြဟောင်း ရန်းနစ်ဂ်ကို (၆) လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီလို့ သိရှိရပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာက ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီးနောက်ပိုင်း ယာယီနည်းပြသစ်ရှာဖွေနေခဲ့တာပါ။ 



ယူနိုက်တက် ခန့်အပ်မယ့် ယာယီနည်းပြစာရင်းမှာ ရန်းနစ်ဂ်အပြင် ရူဒီဂါစီယာ၊ လူစီယန်ဖာ၊ ဖွန်ဆီကာနဲ့ ဗယ်လ်ဗာဒီတို့လည်း ပါဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ ရန်းနစ်ဂ်နဲ့ အခုလိုပဲ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရန်းနစ်ဂ်ဟာ လက်ရှိ လိုကိုမိုးတစ်မော်စကိုမှာ အားကစားနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းရဲ့ အကြီးအကဲတာဝန်ကို ယူထားတာပါ။

ရန်းနစ်ဂ်အနေနဲ့ လိုကိုမိုးတစ်နဲ့စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုလိုအပ်နေဆဲဆိုပေမယ့် ယူနိုက်တက်ကတော့ အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့ပြီလို့ သဘောပေါက် နားလည်ထားပါတယ်။

ရန်းနစ်ဂ်ဟာ “ဂျာမန်ဘောလုံးလောကရဲ့ နတ်ဘုရား” လို့ အမည်တွင်ပြီး ဂျာမန်မြေမှာ ဟန်နိုဗာ၊ ရှော်လ်ကေး၊ ဟော့ဖန်းဟိမ်း၊ လိုက်ပ်ဇစ်တို့ကို ကိုင်တွယ်ခဲ့ဖူးတာပါ။

ရန်းနစ်ဂ်အနေနဲ့ ဆဲလ်ဘ့ာဂ်၊ လိုက်ပ်ဇစ်တို့မှာလည်း ဒါရိုက်တာရာထူးရယူခဲ့ဖူးပြီး အဲ့ဒီနောက်မှ ရုရှားမြေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရန်းနစ်ဂ်ဟာ ယူနိုက်တက်နဲ့ ယာယီနည်းပြစာချုပ်သက်တမ်း (၆) လကုန်ဆုံးသွားချိန်မှာလည်း အသင်းရဲ့ အတိုင်ပင်ခံရာထူးကို နောက်ထပ် (၂) နှစ် ဆက်လက်တာဝန်ယူသွားဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရန်းနစ်ဂ်အနေနဲ့ လာမယ့် စနေမှာ ကစားမယ့် ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲကိုတော့ အလုပ်ပါမစ်ကိစ္စတွေကြောင့် ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ သိရပြီး အာဆင်နယ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲက ရန်းနစ်ဂ်အတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဖြစ်လာတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က