အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်မှာ မြန်မာဘောလုံးအသင်းအနေနဲ့ ခံစစ်ပိုင်း အမှားတွေကြောင့် အိမ်ရှင်စင်ကာပူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

“ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာ ပြီးကတည်းက မြန်မာလိဂ် မရှိတော့တဲ့အတွက် အသင်း ကစားသမားတွေ အနေနဲ့ အသင်းလိုက် ချိတ်ဆက်မှု ပြတ်နေပါတယ်။ ဒီလို အချိတ်အဆက် ပြတ်တဲ့အတွက် ပထမပိုင်းမှာ အသင်းကို နစ်နာစေခဲ့ပါတယ်။ စင်ကာပူရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်နိုင်မှုလည်း အားနည်းခဲ့တယ်။ ခံစစ်ပိုင်း အမှားတွေကြောင့် အဖွင့်ပွဲမှာ အမှတ်ဆုံးရှုံးခဲ့ရပါတယ် “ ဟု အန်တွမ်နီဟေးက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

ယနေ့ညပိုင်းက စင်ကာပူအမျိုးသားအားကစားကွင်းမှာ စင်ကာပူအသင်းနဲ့ မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ အိမ်ရှင် စင်ကာပူက မြန်မာအသင်းကို တိုက်စစ်မှူး ဖန်တီ၊ ဘဟာရူဒင်တို့ရဲ့ သွင်းဂိုးတွေနဲ့ သုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ 

Share

က္က