မန်စီးတီးနဲ့ ဒုကျော့အတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မန်စီးတီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ခံစစ်ကို အလွန်အမင်း အားပြုခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ မန်စီးတီးကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးက ဒီဘရိုင်းရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒါပေမယ့်လည်း ဆီမြွန်နီရဲ့ အသင်းက မန်စီးတီးရဲ့ ဂိုးပေါက်ကို တကြိမ်တောင် တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ ခံစစ်မှာ စုပြုံပိတ်ဆို့ခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူတွေက အက်သလက်တီကိုတို့ ၅-၅-၀ ကစားကွက်နဲ့ ကစားခဲ့တယ်လို့ ဝေဖန်ခဲ့သလို မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ဆီမြွန်နီရဲ့ကစားပုံကို ငြီးတွားခဲ့ပါတယ်။

ဒါ့အပြင် ဒီဘရိုင်းကလည်း ဒီလောက်အထိ ခံစစ်ကို ပိတ်ဆို့ကစားတဲ့ အသင်းကို တခါမှမမြင်ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆီမြွန်နီကတော့ “ကျနော် (၂၀၀၅) တည်းက နည်းပြလုပ်ခဲ့တာ၊ ဒီကြားထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း (နည်းပြအချင်းချင်း) ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး”

“တယောက်ယောက်က လုပ်ဖော်ကိုင်ဖက်ကို ဝေဖန်တဲ့အမြင်မျိုးကိုလည်း ကျနော် တခါမှ ပြန်လည်မျှဝေနေတာမျိုးမရှိပါဘူး။ ကျနော့်အဖေပြောသလိုဆိုရင် ဂျာနယ်လစ်တွေ၊ ကစားသမားဟောင်းတွေရဲ့ အမြင်က ပါးစပ်နဲ့ ငါးတကောင်ကို သတ်နေသလိုပဲ။ ကျနော်ကတော့ လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတမ်း လေးစားပါတယ်”

“အခု ဒုတိယအကျော့မှာလည်း ကျနော်တို့ အကောင်းဆုံးလုပ်ပြနေတာနဲ့ အများကြီး ကွာခြားသွားမှာမဟုတ်ပါဘူး။ ကျနော်တို့ ပိုမိုကောင်းမွန်တဲ့ စုဖွဲ့မှုကို မျှော်လင့်ထားပြီး လျင်မြန်တဲ့ ချိတ်ဆက်မှုတွေ၊ တန်ပြန်တိုက်စစ်တွေအနေနဲ့ ကစားသမားတွေက ကောင်းမွန်တဲ့ညတွေကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါတွေက အခိုက်အတန့်တခုပါပဲ။ ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က