ကင်ဆာသုတေသနတွေအတွက် ရလဒ်ကောင်းရထားပါတယ်

တချို့တိရစ္ဆာန်တွေဟာ လူမှာ ဖြစ်ပွားနေတဲ့ ရောဂါကို အနံ့ခံရုံနဲ့ သိနိုင်စွမ်း ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။

တိရစ္ဆာန်တွေကို သုံးပြီး လူရဲ့ နာမကျန်းမှုကို ထောက်လှမ်းတဲ့ နည်းလမ်းတွေထဲမှာ မစ်ရှီဂန်တက္ကသိုလ်က သုတေသနပညာရှင်တစ်စုရဲ့ တွေ့ရှိမှုက ထူးခြားဆန်းသစ်နေပါတယ်။ မကြာသေးမီက bioRXiv ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာ မစ်ရှီဂန်တက္ကသိုလ်သိပ္ပံပညာရှင်တွေဟာ နည်းပညာတပ်ဆင်ထားတဲ့ ကျိုင်းကောင်နဲ့ ကင်ဆာစောင့်ကြည့်စနစ်တစ်ခုအကြောင်း ဖော်ပြခဲ့ပါတယ်။ 




MIT Technology Review သတင်းအရ ပါမောက္ခ ဒီဘာဂျစ် ဆာဟာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကျိုင်းကောင်ရဲ့ ခေါင်းကို ခွဲစိတ်ပြီး ဦးနှောက်လုံးထဲကို electrodes လေးတွေ ထည့်သွင်းတပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ အီလက်ထရုဒ်တွေဟာ ကျိုင်းကောင်တွေရဲ့ အနံ့အာရုံခံရာမှာ သုံးတဲ့ ဦးမှင် antennae ဆီက အချက်ပြမှုတွေ ဖမ်းယူကြမှာ ဖြစ်ပါတယ်။

ဒီနောက်မှာ သုတေသနပညာရှင်အဖွဲ့ဟာ ခံတွင်းကင်ဆာဆဲလ် သုံးမျိုးကို အုပ်စုသုံးမျိုး မွေးယူပြီး ကျန်းမာတဲ့ဆဲလ်အုပ်စုကို သီးသန့်ထားထားတာပါ။ ဒီဆဲလ်တစ်သျှူးတွေဆီကနေ ထွက်လာတဲ့ ဂတ်စ်ငွေ့တွေကို ဖမ်းယူဖို့လည်း ပစ္စည်းတစ်မျိုးလည်း တည်ဆောက်ခဲ့ပါတယ်။ ဒီ Device ဖမ်းယူထားတဲ့ တစ်သျှူးတစ်ခုချင်းစီရဲ့ ဂတ်စ်အနံ့ကို ကျိုင်းကောင်ဦးနှောက်က မတူညီတဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့ပြီး အနံ့ကနေ ကင်ဆာဝင်နေတဲ့ ဆဲလ်ကို မှန်မှန်ကန်ကန် ထောက်လှမ်းနိုင်တယ်လို့ တွေ့ရှိခဲ့တာကပါ။ 

အခုလေ့လာမှုဟာ ကင်ဆာစောင့်ကြည့်လေ့လာရေးမှာ ထူးခြားတဲ့ လေ့လာမှုတစ်ခု ဖြစ်ခဲ့ပြီး ကျိုင်းကောင်ကုထုံးအပေါ် လူတွေက မေးခွန်းထုတ်လာနိုင်တယ်လို့လည်း Engadget သတင်းက ဖော်ပြပါတယ်။ အစားအသောက်နဲ့ ဆေးဝါးထုတ်လုပ်ရေးအဖွဲ့အစည်း FDA လို နည်းဥပဒေပိုင်းက အဖွဲ့အစည်းတွေအနေနဲ့လည်း အခုလို နည်းလမ်းတွေကို ခွင့်ပြုပါ့မလားဆိုတာ မသေချာပါတယ်။ 

ပါမောက္ခ ဆာဟာကတော့ "အင်းဆက်ဟာ သူ့ခန္ဓာလုပ်ဆောင်ချက်အရ သေသွားပါတယ်။ ကျွန်တော်တို့က သူ့ဦးနှောက်ကို အသက်ရှင်လျက်ထားရုံပါပဲ။" လို့ MIT Technology ကို ပြောပါတယ်။ ဆာဟာနဲ့ အဖွဲ့ဟာ ဒီပရောဂျက်ကို ဆက်လက်လုပ်ဆောင်သွားဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိ လေ့လာမှုစနစ်ဟာ ကျိုင်းကောင်ဦးနှောက် ၆ ခုကနေ ၁၀ ခုအတွင်း လိုအပ်ပါတယ်။ 


အီလက်ထရုဒ်သစ်တွေဟာ နူရွန်ပိုများများ မှတ်တမ်းတင်နိုင်စေမှာ ဖြစ်လို့ တစ်ဦးချင်း စောင့်ကြည့်လေ့လာမှုအတွက် ကျိုင်းကောင်တစ်ကောင်ရဲ့ ဦးနှောက်နဲ့တင် လုံလောက်နိုင်တယ်လို့ ပါမောက္ခဆာဟာက မျှော်လင့်ထားပါတယ်။ ဦးနှောက်နဲ့ ဦးမှင် Antennae ကို ထိန်းချုပ်တဲ့ပစ္စည်းကိုလည်း လွယ်လင့်တကူ သယ်နိုင်အောင် ထုတ်လုပ်ချင်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ဓါတ်ခွဲခန်းပြင်ပမှာ ဒီအီလက်ထရုဒ်တပ် Cyborg ကျိုင်းကောင်နဲ့ ကင်ဆာစစ်ဆေးမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ 


ကိုဗစ်ကပ်ရောဂါ ဖြစ်ခါစက သိပ္ပံပညာရှင်တွေဟာ လူသားတွေအကြား COVID-19 ကူးစက်မှုကို ထောက်လှမ်းဖို့ လေ့ကျင့်ထားတဲ့ ခွေးတွေနဲ့ လေ့လာမှုလုပ်ခဲ့ပြီး ရလဒ်တွေကလည်း အားရစရာပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံနည်းကျ သေချာတဲ့ ရလဒ်အထောက်အထားတွေ ပြသနိုင်ပြီး ဆက်ပြီး လေ့လာမှုလုပ်ရဦးမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က