ဝေဖန်မှုတွေကို ဘရူနိုဖာနန်ဒက်စ်က ပြန်ရှင်းခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတပုံကြောင့် ပြဿနာတက်နေပြီး အသည်းအသန် ပြန်လည်ဖြေရှင်းနေရတယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရားဂိုးသွင်းခဲ့တဲ့ လိဒ်စ်ကို ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင်မှာ ယူနိုက်တက်မှာ အသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး မက်ဂွိုင်းရားအတွက်လည်း ဖိအားတွေများခဲ့ပါတယ်။



အဲ့ဒီလိုအချိန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၇) မှာတင် ဘရူနိုဖာနန်ဒက်စ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဗာရန်း၊ အဲရစ်ဘာယီတို့နှစ်ယောက်ကြားမှာ သူရှိနေတဲ့ပုံကို အင်စတာဂရမ်မှာတင်ခဲ့ပြီး “ဒီနှစ်ယောက်ကြားထဲရှိရတာ ဘေးကင်းပါတယ်” လို့ ကပ်ရှင်ရေးသားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီစာသားက တော်တော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပြီး ဒါဟာ မက်ဂွိုင်းရားကို ရည်ရွယ်ထိုးနှက်တာဖြစ်တယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ ဒီသတင်းတွေကို ပြန်လည်ငြင်းဆန်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က “ဒီပုံရဲ့ အဓိပ္ပာယ်က အဲရစ်ဘာယီ၊ ဗာရန်းတို့က ကျနော့်ရဲ့ ကိုယ်ရံတော်တွေလိုမျိုးလို့ ပြောတာပါ။ ဒါပေမယ့် လူတွေကတော့ ကျနော် မက်ဂွိုင်းရားကို ဝေဖန်ပြစ်တင်လိုက်တယ်လို့ပြောနေကြပါတယ်။ ဒါပေမယ့် ဒီပုံထဲမှာ မပါတဲ့ နောက်ခံလူက မက်ဂွိုင်းရားတယောက်တည်းမှ မဟုတ်တာဗျာ”

“လင်ဒီလော့ဖ်ရော၊ ဖီးလ်ဂျုံးစ်ရော မပါဘူးလေ။ လူတွေက ကွန်ပလိန်းတွေ အရမ်းတက်ချင်နေပြီး ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ပုံပြင်တွေကို ဖန်တီးချင်နေကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက ကျနော်တို့တွေ စည်းစည်းလုံးလုံးနဲ့ ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဖို့ပါပဲ။ လူတိုင်းက မက်ဂွိုင်းရားနဲ့ ပတ်သက်လို့ ပျော်ရွှင်နေကြပါတယ်”

“နောက်ပိုင်းကာလတွေမှာ သူရင်ဆိုင်ခဲ့ရတာတွေက တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့တာပါ။ အဝတ်လဲခန်းထဲမှာတော့ ကျနော်တို့က ဘယ်တော့မှ တယောက်နဲ့တယောက် ပြစ်တင်ဝေဖန်နေမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က