အသင်းဖော်ဆီက ဒီလိုပုံစံကို ထပ်မြင်ချင်နေတာပါ။

ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်ကတော့ ဂိုးသမားအိုနာနာအနေနဲ့ နောက်ခံလူတွေကို ဆူပူကြိမ်းမောင်းတာမျိုးတွေ ဆက်လုပ်နေဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ အေဂျက်ဇ်မှာလည်း အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးတဲ့ သူတို့နှစ်ယောက်က အခု ယူနိုက်တက်မှာ နောက်ထပ်တကြိမ် အသင်းဖော်တွေအဖြစ် ထပ်မံတွဲကစားရတော့မှာလည်းဖြစ်ပါတယ်။ 

ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အိုနာနာက နောက်ခံလူ မက်ဂွိုင်းယားရဲ့ နေရာယူပုံ မှားယွင်းမှုကို ပြစ်တင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က လူပြောများခဲ့ပြီး ထောက်ခံသူ၊ မထောက်ခံသူတွေ ရှိခဲ့ကာ မာတီနက်ဇ်ကတော့ အိုနာနာရဲ့ လုပ်ရပ်အပေါ် ထောက်ခံတဲ့ဘက်ကလို့ ယူဆရတဲ့ ပြောဆိုမှုမျိုးကို လုပ်ခဲ့တာပါ။ 

“အဲဒါက ပိုပြီးတော့ ကောင်းမွန်ပါတယ်။ ခင်ဗျားသာ အာရုံစိုက်ထားမယ်ဆိုရင် ခင်ဗျားရဲ့ အသင်းဖော်တွေနဲ့လည်း တိုက်ခိုက်ရနိုင်ပါတယ်။ အားလုံးက တကယ်ကို ထက်မြက်နေတာသေချာအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ အဲဒါက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့မှာ ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်"

"သူက ဘောလုံးကစားနိုင်တယ်။ သူက ဖိအားတွေနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ သူက တကယ်ကို အပေါင်းလက္ခဏာဆောင်တယ်။ သူက ခေါင်းဆောင်ပါ။ ဒါက မန်ချက်စတာယူနိုက်တက်ရဲ့စတိုင်ပဲ" လို့ မာတီနက်ဇ်က ပြောဆိုခဲ့ပြီး ဒီလိုမျိုးတွေကို ထပ်တွေ့ရဖို့ မျှော်လင့်နေတာကို ဖွင့်ဟခဲ့ပါတယ်။ 

အိုနာနာဟာ အင်တာမီလန်မှာတုန်းကလည်း အသင်းဖော်တိုက်စစ်မှူး ဂျက်ကို,ကို ကြိမ်းမောင်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပေးပို့မှုတွေကို အသုံးမချနိုင်ရင်၊ သူ့အတွက် လုံလောက်တဲ့ ကာကွယ်မှုမျိုးတွေ မလုပ်ပေးနိုင်ရင် အိုနာနာက အခုလိုတွေလုပ်ဖို့ကို ဝန်လေးနေမှာမဟုတ်တာတော့ သေချာပါတယ်။ 

Share

Loading Next Article...
က္က