တော်တော်လေးကို ကြောက်စရာမြင်ကွင်းဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာ ဘာစီလိုနာကွင်းလယ်လူဂါဗီဟာ ဘောလုံးပိုင်ဆိုင်မှုရယူနိုင်ဖို့အတွက် တော်တော်လေးကြောက်မက်ဖွယ်ရာကောင်းတ​ဲ့ ပုံစံကို လုပ်ချသွားခဲ့ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဂါဗီက ဘာကာရဲ့ အဓိကကစားသမားတဦးဖြစ်ပြီး ဇာဗီ ဘယ်လိုမှလက်မလွှတ်နိုင်သူအဖြစ်နဲ့ပါ ရပ်တည်နေပြီး သူ့ရဲ့ အသင်းအတွက် ပေးဆပ်ကစားပုံကို အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူပူယိုးလ်ကပါ ချီးကျူးခဲ့ရပါတယ်။ 

ဘီလ်ဘာအိုကွင်းလယ်လူ ဒန်နီဂါစီယာက ဘောလုံးကို တိုက်စစ်ပိုင်းဆီ ပေးပို့မယ့်အချိန်မှာ ဂါဗီက ရပ်တန့်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူဟာ ဘောလုံးကို ခေါင်းနဲ့လျှောထိုးပြီးတော့ ဝင်ဖျက်ခဲ့တာပါ။ စပိန်လာလီဂါရဲ့ တရားဝင်တွစ်တာအကောင့်တခုဖြစ်တဲ့ LaLigaTV က ဒီဖြစ်ရပ်ကို ဖော်ပြခဲ့ရာမှာ "ဂါဗီက ဘာစီလိုနာအတွက် သူ့ရဲ့ ခေါင်းကိုပါ ပစ်တင်ခဲ့တယ်" လို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ 



ဘောလုံးရယူနိုင်ဖို့အတွက် ကြိုးစားနေရင်း ကုန်းကုန်းကွကွက်ဖြစ်နေချိန်မှာ ဂါဗီက လုံး၀နောက်မဆုတ်ခဲ့ဘဲ ခေါင်းနဲ့ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘီလ်ဘာအိုကစားသမားကလည်း အရှိန်နဲ့ ဝင်ရောက်လာတာဖြစ်လို့ ဘယ်လိုမှမထိန်းနိုင်ခဲ့ဘဲ သူတို့နှစ်ဦးသား တိုက်မိခဲ့ရာမှာ ကံကောင်းလို့သာ ခေါင်းကို ဖြတ်မကန်မိခဲ့တာပါ။ ဖြတ်ကန်မိခဲ့ရင်တော့ ဂါဗီအတွက် စိုးရိမ်စရာအနေအထားတွေ ဖြစ်ခဲ့မှာ သေချာပါတယ်။ 



ဘာကာအသင်းခေါင်းဆောင်ဟောင်း နောက်ခံလူပူယိုးလ်ကလည်း သူ့ရဲ့ တွစ်တာအကောင့်မှာ "ဂါဗီ" လို့ ရေးသားပြီး လက်ခုပ်တီးနေဟန် အီမိုဂျီကိုသုံးကာ ဒီကစားပုံအတွက် ချီးကျူးသွားခဲ့ပါတယ်။ ဂါဗီဟာ ဘောလုံးကိုပဲ အာရုံစိုက်နေတာ ထင်ရှားနေခဲ့ပြီး ပြိုင်ဘက်ကစားသမားက ဝင်လာချိန်မှာလည်း တချက်လေးမှ မတွန့်ဆုတ်ခဲ့လို့ သူ့ရဲ့သတ္တိက အံ့ချီးဖွယ်ရာပဲလို့ ဘာစီလိုနာပရိသတ်တွေက အမွှမ်းတင်ချီးကျူးခဲ့ကြပါသေးတယ်။ 

Share

Loading Next Article...
က္က