ယူနိုက်တက်နဲ့ နာမည်ထွက်ခဲ့တဲ့ ကစားသမား အများအပြားရှိခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ဟာ ကစားသမား (၉) ယောက်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီးမှ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ကိစ္စတွေကို ငြင်းဆန်ခဲ့ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကဆိုပါတယ်။ ဒီကစားသမားတွေထဲမှာ ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပိုင်းနဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်တို့ ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။



ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မာလာစီယာ၊ အဲရစ်ဆင်၊ လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စ်မဲရိုး၊ အန်တိုနီ၊ ဒူဘရာကာတို့ကိုခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့တဲ့ ဒီဂျောင်ကိုတော့ အရခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဒီဂျောင်က ဘာစီလိုနာမှာသာ ဆက်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကစားသမားသစ် (၆) ယောက်အနက် (၃) ယောက်ကို နွေစျေးကွက်ပိတ်ခါနီးမှ ခေါ်ယူခဲ့တာပါ။

ဒီမတိုင်ခင်မှာ ယူနိုက်တက်တို့ အနော်တိုဗစ်၊ ရာဘီရော့တို့လို ကစားသမားတွေနဲ့ပါ အပြောင်းအရွှေ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီပိုင်း၊ ပူလီဆစ်တို့နဲ့လည်း ယူနိုက်တက်က သတင်းထွက်ခဲ့ပြီး ဒီကစားသမားတွေကို ခေါ်ယူဖို့အတွက် လှုပ်ရှားခဲ့တာမျိုးမရှိဘဲ လက်လျှော့သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ပါရီဒက်စ်လည်း ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ဘာစီလိုနာညာနောက်ခံလူ ဆာဂျီနိုဒက်စ်၊ အက်သလက်တီကိုတောင်ပံကစားသမား ကာရက်စ်ကို၊ ဂျူဗင်တပ်စ် ကွင်းလယ်လူ မက်ကန်နီ၊ ဒေါ့မွန် ညာနောက်ခံလူ သောမတ်စ်မူနီယာ၊ ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒို၊ နာပိုလီတိုက်စစ်ကစားသမား လိုဇာနိုတို့လည်း ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီကစားသမားတွေကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာမျိုးတွေရှိပေမယ့်လည်း တိကျတဲ့ လှုပ်ရှားမှုတစုံတရာ မပြုလုပ်ခဲ့ဘူးလို့ သိရှိရပါတယ်။ ဒါ့အပြင် ကာရက်စ်ကို ကိစ္စမှာလည်း တန်ဟက်ခ်စိတ်ကြိုက် အန်တိုနီကို ယူရိုသန်း (၁၀၀) ပေးပြီး ခေါ်ယူခဲ့တာကြောင့် အလိုလို နောက်ဆုတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ညာနောက်ခံလူအတွက်လည်း ဝမ်ဘစ်ဆာကာ၊ ဒါလော့တို့ဆက်ရှိနေတာကြောင့် ကစားသမားသစ် ထပ်မံခေါ်ယူခဲ့ခြင်းမရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က