ဘရာဇီးလ်သားကို ခေါ်ယူမှုက လီဗာပူးလ်အတွက် မှားယွင်းနေခဲ့ပါတယ်။

လီဗာပူးလ်တော့ ဂျူဗီကနေ အငှားနဲ့ခေါ်ယူထားတာ ၂ပတ်ပဲရှိသေးတဲ့ ကွင်းလယ်လူအာသာမယ်လိုကို စာချုပ်ဖျက်သိမ်းဖို့အတွက် စဉ်းစားနေပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ ပြိးခဲ့တဲ့အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်မှာမှ ဂျူဗီကနေ တရာသီအငှားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၃ပွဲပြည့်အောင်တောင် မကစားရသေးခင်မှာပဲ စာချုပ်ဖျက်ခံရဖို့ဖြစ်လာခဲ့တာပါ။ 

မယ်လိုဟာ လီဗာပူးလ်ကို ရောက်ရှိလာပြီးနောက် နာပိုလီကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ၁၃ မိနစ်သာ ကစားထားရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားဟန်နဲ့ ကြံ့ခိုင်မှုအနေအထားက လီဗာပူးလ်နဲ့ မသင့်တော်ဘူးလို့ ကလော့ပ်က ယူဆနေပြီး စာချုပ်ဖျက်သိမ်းကာ ဂျူဗင်တပ်စ်ဆီ ပြန်ပို့ဖို့အတွက်ကို တွေးလာခဲ့တာဖြစ်ပါတယ်။ 

မယ်လိုကိုခေါ်ယူခဲ့တာကတော့ လီဗာပူးလ်ကွင်းလယ်မှာ သီယာဂို၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ကာတစ်ဂျုံးစ်နဲ့ ကီတာတို့ ဒဏ်ရာရနေချိန်ကဖြစ်ပါတယ်။ ဒီလိုခေါ်ယူချိန်ကတည်းက မယ်လိုရဲ့ ဒဏ်ရာမှတ်တမ်းဆိုးတွေကို အားလုံးက ထောက်ပြဝေဖန်ခဲ့ကြပြီး လီဗာပူးလ်ရဲ့ ကစားသမားသစ်ခေါ်ယူမှုက အရမ်းကို ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်လို့ ဝေဖန်ခဲ့ကြပါသေးတယ်။ 

အခုအခါမှာတော့ ကစားသမားက ၁၃ မိနစ်သာကစားပြီး အသင်းကိုရောက်ချိန် တလတောင်မပြည့်ခင်မှာပဲ ပြန်ထွက်ရဖို့ရှိနေပါပြိ။ တဖက်မှာလည်း ဂျူဗီနည်းပြအယ်လီဂရီက မယ်လိုရောက်လာမှာကို မနှစ်သက်ဘူးလို့သိရတာကြောင့် ဘရာဇီးလ်သားဟာ အသင်းသစ်မှာ ထပ်ရှာမယ့်အခြေအနေဖြစ်နေကာ မွေးရပ်မြေကိုပဲ ပြန်သွားရဖွယ်ရှိနေပါတယ်။ 


ဘာစီလိုနာမှာတုန်းကလည်း အောင်မြင်မယ်လို့ အားလုံးက ယူဆခဲ့ပေမယ့် မယ်လိုကတော့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒီနောက်မှာ ပီယာနစ်နဲ့အလဲအထပ်လုပ်ကာ ဂျူဗီကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က