ရီးရဲလ်မှ အခင်မင်၊အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုနဲ့အတူ ခင်မင်ရင်းနှီးနဲ့ သူငယ်ချင်းတွေအဖြစ် ရှိနေခဲ့ဖူးတဲ့ မာဆယ်လိုက သူ့အသင်းဖော်ဟောင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်လိုက်ပါတယ်။ ဂရိကလပ်အိုလံပီယာကော့စ်မှာ ကစားနေတဲ့မာဆယ်လိုက သူ့ရဲ့ အင်စတာဂရမ်ကနေ ရော်နယ်ဒိုနဲ့အတူ သူ ရှိနေတယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုကတော့ စပါးနဲ့ပွဲက ပွဲမပြီးခင် ကွင်းအပြင်ထွက်သွားခဲ့တဲ့ လုပ်ရပ်ကြောင့် ချယ်လ်ဆီးနဲ့ ကစားရမယ့် ဒီနေ့ပွဲမှာ အသင်းလူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ လူငယ်အသင်းနဲ့ပါ လေ့ကျင့်ခန်းဆင်းနေရတာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်အတွက်လည်း နည်းပြတန်ဟက်ဂျ်က ဒေါသထွက်နေခဲ့ပြီး အသင်းတွင်းမှာပါ ဒီကိစ္စက အနည်းနဲ့အများဆိုသလို ဂယက်ရိုက်ခဲ့ရပါတယ်။ 

မာဆယ်လိုကတော့ "ညီအကို၊ မင်းနဲ့အတူအမြဲရှိနေတယ်၊ ဘောလုံးလောကကြီးက မင်းကိုချစ်သလို ငါတို့ကလည်း မင်းကိုချစ်ပါတယ်" လို့ ရေးသားပြောဆိုခဲ့တာပါ။ ရော်နယ်ဒိုအတွက်တော့ ခက်ခဲတဲ့အချိန်ကာလတွေကို ကျော်ဖြတ်နေရတာလည်းဖြစ်ပါတယ်။ အသင်းမှာပုံမှန်ကစားခွင့်မရတာ၊ ဂိုးသွင်းနိုင်ဖို့ရုန်းကန်နေရပြီး စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေလည်း ရှိနေနိုင်ပါတယ်။ 

ဒီရာသီမှာ သူက ၂ ဂိုးတည်းသာသွင်းယူထားနိုင်ခဲ့ပြီး ၁ ဂိုးကတော့ ပင်နယ်တီကဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာလည်း ပေါ်တူဂီသားက လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပြီး ဒီလိုလုပ်ရပ်တွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရမှာပဲလို့ တန်ဟက်ဂျ်က မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အသင်းရဲ့ အရေးကြီးတဲ့ကစားသမားအဖြစ်တော့ ရှိနေဆဲပဲလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က