ဒဏ်ရာရကစားသမားတွေ ကစားနိုင်ဖို့မျှော်လင့်နေတာပါ။

ဒီနေ့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ကလော့ပ်အနေနဲ့ သူ့ရဲ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ပွဲထွက်ပါစေလို့ မျှော်လင့်ကြောင်း ဗင်နီရှပ်က ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ဟာ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကွေးကို ပြန်ဆပ်ရမှာဖြစ်ပြီး အန်ဆယ်လော့တီကတော့ ပြီးခဲ့တဲ့အဆင့်တွေမှာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးကို ဖြုတ်ချထားခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ ဒီအချိန်မှာ အဓိကကစားသမားတွေ ပွဲချိန်နာနီးမှ ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုတွေရှိနေလို့ စိုးရိမ်စရာအနည်းငယ်ရှိနေပါတယ်။ ကြံ့ခိုင်မှုပြည့်၀နေပြီလို့ ဆိုထားပေမယ့်လည်း ပြန်ကောင်းမွန်လာတာက သိပ်မကြာသေးတာကြောင့် သီယာဂို၊ ဆာလာ၊ ဗန်ဒိုက်၊ ဖာဘင်ဟိုတို့ရဲ့ အခြေအနေတွေက နောက်ဆုံးအချိန်ထိတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ 

ဒီအတွက် ဗင်နီရှပ်ကို လီဗာပူးလ်ရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ "သူတို့အားလုံး ကစားနိုင်ဖို့ မျှော်လင့်ပါတယ်၊ သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေနဲ့အတူ အသင်းနှစ်သင်းကြားမှာ အံ့အားသင့်ဖွယ်ပွဲစဉ်ဖြစ်လာစေချင်ပါတယ်၊ ရာနှုန်းပြည့်အာရုံစူးစိုက်မှုတွေနဲ့ပါ၊ အရေးအကြီးဆုံးအရာအတွက် နှစ်သင်းစလုံးတိုက်ပွဲဝင်ရမှာပါ၊ ချန်ပီယံလိဂ်အတွက်ပေါ့"

"လီဗာပူးလ်ပွဲအများကြီး ကျနော်တို့ ကြည့်ခဲ့ပါတယ်၊ သူတို့က ခမ်းနားကြီးကျယ်တဲ့ အသင်းတသင်းဖြစ်ပြီး အရမ်းသန်မာတယ်၊ အရည်အသွေးလည်းပြည့်၀ပါတယ်၊ တကယ်လို့ သူတို့နဲ့ ရင်ဆိုင်တဲ့အခါ သေချာကစားမယ်ရင် ကျနော်တို့ အနိုင်ရဖို့က သေချာပါတယ်" လို့ ပြောဆိုသွားခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က