သားဂန်းက အမြဲအလျှော့ပေးချစ်ပေးသလို ဘေဘီမောင်ကလည်း ချစ်သူသားဂန်းရဲ့ အချစ်တွေကို တန်ဖိုးထားတတ်တဲ့သူဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ အဆိုတော်သားဂန်းက သူ့အောင်မြင်မှုနောက်မလိုက်ဘဲ ဇနီးနဲ့ သမီးအတွက်ပဲ ကြည့်ကာ နောက်ကွယ်ကနေ အကောင်းဆုံးပံ့ပိုးပေးနေသူတစ်ယောက်ဖြစ်တဲ့အကြောင်းကို ဘေဘီမောင်က အခုလို ပြောပြလာပါတယ်။ 

"ကိုယ်အခုလိုရပ်တည်နိုင်တယ်ဆိုတာ ကိုယ့်ယောက်ျားရဲ့ Support တွေ အများကြီးပါတယ်။ သူကအားကြိုးမာန်တက်ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ဘေဘီတို့ပြန်ရတဲ့အချိန်ဆိုတာလည်းသိတဲ့အတိုင်း စင်ဒရဲလားအချိန်လေ။ ယောက်ျားသားတစ်ယောက် ကိုယ့်နားမှာမားမာမတ်မတ်နဲ့ ရပ်တည်ပြီးပါနေလို့သာ နို့မို့ဆိုဘယ်လွယ်မလဲ။ ဘေဘီဘယ်လောက်တောင် သူ့အချစ်ကိုရသလဲဆိုရင် ဘေဘီအောင်မြင်ဖို့အရေးပဲ သူသွားတယ်။ သီချင်းဆိုဆို ရုပ်ရှင်ရိုက်ရိုက် Live ပဲလွှင့်လွှင့် အနုပညာရှင်တစ်ယောက်အနေနဲ့ Social မီဒီယာမှာ မြင်နေရင် ဒါအောင်မြင်မှုရတယ်လို့ပဲ သူတွေးတယ်။ မိန်းမအောင်မြင်နေတာကို ယောက်ျားလက်ခုပ်တီးတယ်။ သူနောက်ကွယ်မှာနေပြီး မထင်မပေါ်ဘဲ နေရတဲ့သူ့ဘဝကို ရပ်တည်နိုင်တယ်။"ဆိုပြီး အဆိုတော်သားဂန်းဟာ သူမတို့မိသားစုအပေါ် နောက်ကွယ်ကနေ အပြည့်အဝပံ့ပိုးရပ်တည်ပေးတဲ့အကြောင်းကို ပြောပြလာပါတယ်။ 

Photo-Baby Mg FB

အဆိုတော်သားဂန်းရဲ့သီချင်းတွေကလည်း ပေါက်သီချင်းတွေရှိပြီး ပရိသတ်လက်ခံအားပေးပေမယ့်လည်းပွဲတွေလာငှားတဲ့အခါ သီဆိုမဆိုဘဲ ဇနီးသည်နဲ့သမီးလေးBillion လေး အတွက်သာ ရပ်တည်နေတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ 

Photo-Baby Mg FB

အဆိုတော်သားဂန်းတစ်ယောက်ဖန်သားပြင်ပေါ်နဲ့ပရိသတ်ရှေ့မထွက်ပေါ်လာတာကြောင့် ဝေဖန်မှုတွေများစွာရှိနေတာကိုလည်း ဘေဘီမောင်ကအခုလိုဖြေရှင်းလာပါတယ်။ 

"ကိုသားဂန်းက ပွဲတွေလာငှားရင်လည်း ငြင်းတယ်။ သူက မိန်းမနဲ့သမီးလေးနားမှာပဲ ရပ်တည်စောင့်ရှောက်မယ်ဆိုပြီး ပြောတယ်။ သမီးလေးကြီးလာရင်တော့ သူသီချင်းတွေပြန်လုပ်မယ်တော့ ပြောပါတယ်။ အဲဒီလောက်ထိကို နောက်ကွယ်ကနေပြီး ဘေဘီကို Support လုပ်တယ်။ တချို့ကမသိဘဲနဲ့ မိန်းမထမိန်နားခိုစားတယ်။ ဘေဘီကရှာနေတာကို အဲဒီလိုဖြစ်မှာပေါ့ဆိုတာက ဘေဘီရှင်းပြချင်တယ်ပေါ့နော်။ ကိုသားဂန်းဆိုတာ သူ့ရပ်တည်မှုတစ်ခုနဲ့ သူ့ပေါက်သီချင်းလေးတွေနဲ့ ရပ်တည်နေတဲ့အမျိုးသား၊ အဆိုတော်တစ်ယောက်စင်ပေါ်တက်သီချင်းဆိုရင် ပေါက်ပြီးသား၊ ဒါမျိူးကို သူမလုပ်ပဲနဲ့ ဘေဘီ့ရဲ့နောက်မှာ နောက်ကွယ်ကနေ Support ပေးတဲ့ ယောက်ျားတစ်ယောက်ပါ။ မသိဘဲနဲ့ပြောနေတာကြတော့ ကိုသားဂန်းအတွက် စိတ်မကောင်းလို့ပါ" ဆိုပြီး အမျိုးသားဖြစ်သူ အဆိုတော်သားဂန်းဘက်ကနေ ရပ်တည်ပြောဆိုပေးခဲ့ပါတယ်။

 

Photo-Baby Mg FB

မမနဲ့မောင်စုံတွဲလေးဖြစ်တဲ့ ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားမှာ ပြောစမှတ်ပါပဲ ။ အရမ်းကိုချစ်တတ်တဲ့ သားဂန်းကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ မမနဲ့ တအိုးတစ်အိမ်ထူထောင်ထားတာဖြစ်သလို အမြဲတမ်းဇနီးသည်အပေါ် အလျှော့ပေးသည်းခံတတ်တဲ့ လူရိုးလူအေးကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသူပါ။

Photo-Baby Mg FB 

သားဂန်းက အမြဲအလျှော့ပေးချစ်ပေးသလို ဘေဘီမောင်ကလည်း ချစ်သူသားဂန်းရဲ့ အချစ်တွေကို တန်ဖိုးထားတတ်တဲ့သူဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ အိမ်ထောင်သက်၁နှစ်ကျော်ပြီဖြစ်ပြီး မကြာသေးခင်ကလည်းချစ်စရာကောင်းတဲ့သမီးလေး Billion လေးကိုမွေးဖွားခဲ့ပါတယ်။

Share

Loading Next Article...
က္က